Opinions

ဗီယက်နမ်ကို ဘယ်လိုအမီလိုက်မလဲ

အစိုးရသစ် တက်လာရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ငွေ၊ ချေးငွေတွေ အလုံးအရင်း ၀င်လာပြီး မြန်မာနိုင်ငံ ၀ုန်းခနဲ တိုးတက်မယ် မျှော်လင့်ခဲ့ပေမယ့် အစိုးရသစ် တစ်နှစ်ရဲ့ ပကတိအခြေအနေကတော့ ဘက်စုံ နိမ့်ကျလာမှုကို မြန်မာနိုင်ငံက ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလို ရင်ဆိုင်ခဲ့ရပြီး စီးပွားရေး တိုးတက်မှုနှေးကွေးတာကို ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံခဲ့ပေမယ့် ဒီဇင်ဘာလအတွင်း စင်ကာပူခရီးစဉ်မှာတော့ အံ့အားသင့်စရာ စကားတစ်ခွန်းကို ပြောခဲ့ပြီး ကမ္ဘာ့မီဒီယာအားလုံး လိုလိုမှာ ဖော်ပြခဲ့တဲ့ စကားကတော့ အနှစ် ၂၀ အတွင်း စင်ကာပူစီးပွားရေးကို ကျော်တက်မယ်လို့ ပြောခဲ့တာပဲ

ကုန်သွယ်ရေး သဘောတူစာချုပ်ကို ကယ်တင်ရန် တိုက်ပွဲဝင်နေရသည့် အာရှ-ပစိဖိတ်နိုင်ငံများ

Protectionism (အခွန်ကောက်ခံခြင်းဖြင့် ပြည်တွင်းလုပ်ငန်းများကို ပြည်ပပြိုင်ဆိုင်မှုမှ အကာအကွယ်ပေးသည့်မူဝါဒ) လွှမ်းမိုးသည့် ကမ္ဘာကြီးဖြစ်လာမည်ကို စိုးရိမ်နေကြချိန်တွင် ဒေါ်နယ်ထရန့်၏ သဘောအရ အမေရိကန် နောက်ဆုတ်သွားသောကြောင့် သံသယဖြစ်ဖွယ်ကောင်းနေသည့် အလွန်ကြီးမားသော လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်ကို ပြန်လည်အသက်သွင်းနိုင်ရေး ကြိုးပမ်းရန်အတွက် အာရှ-ပစိဖိတ်နိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများက မေ ၂၁ ရက်တွင် သဘောတူညီခဲ့ကြသည်။

အခြေခံလူတန်းစားတွေ လက်လှမ်းမမီတော့တဲ့ အိမ်ခြံမြေဈေးကွက်

ပြီးခဲ့တဲ့ မေ ၁၉ ရက်ကနေ ၂၁ ရက်အထိ iMyanmarHouse.com ကနေ ကြီးမှူးကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီးကို ရန်ကုန်မြို့ ဦးဝိစာရလမ်းက တပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

စိုးရိမ်စရာ ဖြစ်လာတဲ့ ငွေစက္ကူအတုများ

၂၀၁၇ ခုနှစ် မတ် ၉ ရက်က မြောက်ဒဂုံမြို့နယ် (၄၇) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၁၃၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ နေအိမ်အား ဦးသိန်းကျော်ဆိုသူက ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး နေအိမ်၏ ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းက အိမ်အား သန့်ရှင်းရေး ပြုလုပ်ရန် နေအိမ်ကို သွားရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

အိမ်အားသန့်ရှင်းရေး ပြုလုပ်စဉ် နေအိမ်အိပ်ခန်းအတွင်း ခုတင်အောက်၌ အမည်းရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော မိုးပြာရောင်အိတ်အတွင်းမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၄၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရွှေက ပြောကြားသည်။