Opinions

အနုပညာဖြင့် ရုပ်သွင်များအား ပြောင်းလဲစေသူ Special Effect မိတ်ကပ်ပညာရှင်

ရုပ်ရှင်အနုပညာ ဖန်တီးမှုတွေမှာ Special Effect Make Up ကလည်း အရေးပါတဲ့ အခန်းကဏ္ဍ တစ်ရပ်မှာ ပါဝင်နေပါတယ်။ လှပတဲ့ မိတ်ကပ်ဖန်တီးမှုကတင် ရုပ်ရှင်အနုပညာရှင်တွေအတွက် အရေးပါတာမဟုတ်ပါဘူး။ ဇာတ်လမ်းဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ပြင်ဆင်မှု အထူးသဖြင့်တော့ ဒဏ်ရာရရှိတဲ့ ဇာတ်ဝင်ခန်းတွေအတွက် ဒဏ်ရာပြင်ဆင်မှု မိတ်ကပ်၊ အသက်အရွယ်အိုမင်း ရင့်ရော်လာတဲ့ ဇာတ်ဝင်ခန်းတွေအတွက် နဂိုရှိရင်းစွဲ အသက်အရွယ်ထက် ကြီးရင့်ဟန်ပြင်ဆင်ရတဲ့ အတတ်ပညာ၊ သရဲတစ္ဆေ ၀ိညာဉ်ဇာတ်ဝင်ခန်းတွေအတွက် ကြောက်မက်ဖွယ် သရဲတစ္ဆေတွေအဖြစ် လိမ်းခြယ်ရတဲ့ အနုပညာတွေကတော့ Special Effect Make Up ပဲဖြစ်ပါတယ်။

နောက်ဆုံးကစားကောင်

(၁)

ကစားနည်းတိုင်းမှာ ဘယ်လိုကစားရမယ်ဆိုတဲ့ ကစားနည်းစည်းမျဉ်း စည်းကမ်းတွေရှိတယ်။ ကစားသူတွေလိုက်နာရမယ့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အရှုံးအနိုင် အဆုံးအဖြတ်ပြုတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ တခြားလိုအပ်ရာ ထုတ်ပြန်ထားတဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အဲဒါတွေအားလုံး စုပေါင်းထားတဲ့ ကစားနည်းဥပဒေရှိတယ်။

(၂)

စစ်တုရင်ကစားနည်းမှာလည်း အတူတူပါပဲ။ စစ်တုရင်ဥပဒေ (Laws of Chess) ဆိုတာရှိတယ်။

နှင်း ... လျှောက်ရာလမ်း

(၁)

ဇန်န၀ါရီလတွင်းသို့ ချဉ်းခဲ့ပြီဖြစ်၍ ဆောင်း၏ ဥပဓိရုပ်သည်လည်း ပီပြင်ထင်ရှားခဲ့ရပေပြီ။ တချို့နံနက်ခင်းများ၌ နှင်းပွင့်နှင်းစက်တို့ဖြင့် ရှုလေတိုင်း မှိုင်းမှုန်၍နေပေတော့သည်။ နံနက်စောစော လမ်းလျှောက်ထွက်လာခိုက်မှာ ပင်သစ်ရိပ် စိမ်းစိုဝန်းကျင်ကလေးအတွင်း ဖြတ်သန်းရခိုက် ဥသြငှက်ငယ်လေးများ၏ နံနက်ချိန်ခါ နှုတ်ခွန်းဆက်တေးသံလေးများကို နားဆင်ရခိုက် ချမ်းမြခြင်းပီတိ သုခကို ခံစားလိုက်ရပေသည်။ ဥသြ ... ဥသြ ... ဥသြ ...

(၂)

ကလိမ်ကကျစ်နဲ့ အစစ်အမှန်စေတနာ

‘ထင်သာမြင်သာရှိတယ်၊ ပွင့်လင်းမြင်သာမှုရှိတယ်’ ဆိုတဲ့စကားဟာ ခုခေတ်မှာ အတော်ခေတ်စားလာတာကို တွေ့ရပါတယ်။ ထင်သာမြင်သာရှိရင် ပွင့်လင်းမြင်သာမှုရှိရင် ကောင်းတယ်လို့ လူတွေကပြောကြပါတယ်။ ဒါပေမဲ့ ဒါဟာနေရာတိုင်းမှာ ကောင်းမယ်မထင်ပါဘူး။ ထင်သာမြင်သာရှိမှ ကောင်းတယ်လို့ ပြောကြကြေးဆိုရင်တော့ လောကကြီးမှာ ရေငုပ်သင်္ဘောဆိုတာ ပေါ်လာစရာ အကြောင်းမရှိပါဘူး။ ကိုယ်ရှိတဲ့နေရာကို လူမသိမှ၊ ကိုယ်ဘာတွေလုပ်ဖို့ ကြံစည်နေ တယ်ဆိုတာတွေကို လူတွေမရိပ်မိမှ၊ သူများတွေ အိပ်မောကျနေတဲ့အချိန် အလစ်မှာ ချောင်းမြောင်းပြီး ပစ်ခတ်နှိပ်ကွပ်ချေမှုန်းနိုင်မှ ကောင်းတဲ့အလုပ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ရေကြောင်းတိုက်ပွဲတွေပါပဲ။ ကိုယ်ရှိနေတဲ့နေရာကို လူမျ

တိမ်ပေါ်က ကျောင်း

“နံရံကအပေါက်” ဆိုတဲ့ စမ်းသပ်ချက်ကို ပြုလုပ်ခဲ့တဲ့ ဆူဂါတာမီထရာက ပညာရေးနဲ့ ဘွဲ့ရထားသူတစ်ဦး မဟုတ်ပါဘူး။ သူက ရူပဗေဒနဲ့ ပါရဂူဘွဲ့ရခဲ့သူဖြစ်ပြီး ကွန်ပျူတာကို စာအုပ်ဖတ်ပြီး လေ့ကျင့်သင်ယူခဲ့သူ တစ်ဦးပါ။ သူအိမ်မှာ ကွန်ပျူတာဆော့ဖ်ဝဲတွေရေးရင် သူ့သားငယ်က ဘေးကထိုင်ကြည့်နေလေ့ရှိပါတယ်။ တစ်ရက်မှာ သူရေးတာမှားတော့ သားငယ်က သူပြင်ပေးရမလားလို့မေးပြီး ပြင်ပေးပါသတဲ့။ အံ့သြသွားခဲ့ပေမယ့် ဖခင်တစ်ယောက်ရဲ့ ဘက်လိုက်တဲ့ အတွေးတွေအရ သူ့သားကထူးခြားတဲ့ ပါရမီရှင် ကလေးပဲလို့ စဉ်းစားဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ ၁၉၉၉ ခုနှစ်မှာတော့ သူအလုပ်သွားတဲ့ လမ်းမှာတွေ့ရတဲ့ နယူးဒေလီမြို့၊ ဆင်းရဲသားရပ်ကွက်က ကလေးတွေကိုကြည့်ရင်း ငါတို့ရဲ့ကလေးတွေပဲ