Politics

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရန် သတ်မှတ်ထားရက် ရွှေ့ဆိုင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က သတ်မှတ်ထားသည့် ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာထံမှ သိရသည်။

UPDJC အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက် အစောဆုံးထားပြီး သတ်မှတ်ကျင်းပသွားရန် နေပြည်တော်၌ ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် သတ်မှတ် ဆုံးဖြတ်ခဲ့သည်ဟု UPDJC အဖွဲ့ဝင်တစ်ဦးဖြစ်သူ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားထားသည်။

မြန်မာ-တရုတ် နယ်နိမိတ်ရှိ မြန်မာ့လယ်ယာမြေများပေါ်တွင် တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲေ

မြန်မာ-တရုတ် နယ်နိမိတ်ရှိ မြန်မာ့လယ်ယာမြေများပေါ်တွင် တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုတိယ၀န်ကြီး ပြောကြား

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ပအိုဝ်း) အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့တွင် ယနေ့ စတင်ကျင်းပမည်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ ကြီးကြပ်မှုဖြင့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ပအိုဝ်း) အား ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့တွင် ဖေဖော်ဝါရီ  ၁၆ ရက် (ယနေ့) မှ စတင်ကျင်းပမည် ဖြစ်သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံအခြေစိုက် သံရုံး၊ အဖွဲ့ရုံးများမှ အကြီးအကဲများ၊ ကိုယ်စားလှယ်များ ရန်ကုန်မြို့ရှိ NRPC တွင် မိတ်ဆက်တွေ့ဆုံ

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံအခြေစိုက် သံရုံး၊ အဖွဲ့ရုံးများမှ အကြီးအကဲများ၊ ကိုယ်စားလှယ်များ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဖေဖော်ဝါရီ ၁၅ ရက်က မိတ်ဆက်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့  အမျိုးသားလုံခြုံ ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် မြန်မာနိုင်ငံအခြေစိုက်သံရုံးများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာကျသည့် စုံစမ်းစစ်ဆေးမှုများကို လက်ခံခြင်း မပြုရေးအား ခိုင်မာစွာ ရပ်တည်သွားရန် အစိုးရအား ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း

ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာကျသည့်  စုံစမ်းစစ်ဆေးမှုများကို လက်ခံခြင်း မပြုရေးအား ခိုင်မာစွာ ရပ်တည်သွားရန် အစိုးရအား တိုက်တွန်းကြောင်း ကြေညာချက်တစ်စောင်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖေဖော်ဝါရီ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။