Politics

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု၊ ဘတ်ဂျက်ရေးဆွဲမှု၊ ကျောက်မျက်တူးဖော်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း.စုကြည်နှင့် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ် ဆွေးနွေး

(Photo:Myanmar State Counsellor Office Facebook)

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု၊ ဘတ်ဂျက်ရေးဆွဲမှု၊ ကျောက်မျက်တူးဖော်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ်တို့ ဇန်န၀ါရီ ၁၁ ရက်က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် စပ်လျဉ်းပြီးမဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်၍ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို အကြံပြုနိုင်ရန် အမျိုးသားလုံခြုံ​ရေးဆိုင်​ရာအကြံ​ပေးပုဂ္ဂိုလ်​ ခန့်အပ်

ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် စပ်လျဉ်း၍ မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်၍ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို အကြံပြုနိုင်ရန် အမျိုးသားလုံခြုံရေးဆိုင်​ရာ အကြံ​ပေးပုဂ္ဂိုလ်​ ခန့်အပ်ကြောင်း ဇန်န၀ါရီ ၁၀ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၁/၂၀၁၇) ထုတ်ပြန်သည်။

NCA စာချုပ်အရ ကျင်းပရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပထမဦးဆုံးအဖြစ် ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ဇန်န၀ါရီ ၁၈ ရက်တွင် စတင်ရန် အတည်ပြု

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ကျင်းပရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပထမဦးဆုံးအဖြစ် ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ဇန်န၀ါရီ ၁၈ ရက်တွင် စတင်ရန် အတည်ပြုခဲ့ကြောင်း ကရင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင် ကရင်ပြည်သူ့ပါတီ (KPP) ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်ထံမှ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ညှိနှိုင်းရန် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ဆွေးနွေး

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင်သုံးဦးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင်တစ်ဦးတို့ ဖမ်းဆီး ထိန်းသိမ်းခံထားရသည်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တာဝန်ယူထားသည့် အကြီးအကဲများဖြစ်ကြသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံညှိနှိုင်းရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO)နာယက ဗိုလ်မှူးကြီး ခွ

လာမည့်လေးနှစ်အတွင်း မြန်မာလူငယ်များအတွက် အလုပ်အကိုင်နေရာ တစ်သန်းလိုအပ်နေကြောင်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ ထုတ်ပြန်

လာမည့်လေးနှစ်အတွင်း မြန်မာလူငယ်များအတွက် အလုပ်အကိုင်နေရာပေါင်း တစ်သန်း လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNEPA) က ဇန်န၀ါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။