Politics

ကြားဖြတ်ရွေးကောက်ပွဲတွင် ပယ်မဲ ၄၀၀၀၀ ကျော်ရှိခဲ့ပြီး အများစုမှာ မည်သည့် ပါတီကိုမျှ မဲပေးထားခြင်း မရှိသော ဗလာမဲများ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ရက် ထုတ်ပြန်

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပယ်မဲ ၄၀၀၀၀ ကျော် ရှိခဲ့ပြီး အများစုမှာ မည်သည့်ပါတီကိုမျှ မဲပေးထားခြင်း မရှိသော ဗလာမဲများ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ရက်က ဧပြီ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ပယ်မဲများမှာ ရှမ်းပြည်နယ် မိုင်းရှူးမဲဆန္ဒနယ်မြေများနှင့် ကျေးသီးမဲဆန္ဒနယ်မြေတို့တွင် အများဆုံးဖြစ်ကြောင်း၊ မိုင်းရှူး မဲဆန္ဒနယ်တွင် ၁၉ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ကျေးသီးမဲဆန္ဒနယ်တွင် ၁၆ ရာခိုင်နှုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) တွင် ၁ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် အနည်းဆုံးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေးမြို့နယ် သောင်ပြင်ကျေးရွာမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင် ၂၀၀ ကျော် နုတ်ထွက်

မွန်ပြည်နယ် ရေးမြို့နယ် သောင်ပြင်ကျေးရွာမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင် ၂၀၀ ကျော်သည်  ဧပြီ ၁ ရက်က နုတ်ထွက်ခဲ့ကြောင်း ၎င်းပါတီမှ ထုတ်ပယ်ခံထားရသူ ပါတီဗဟိုကော်မတီဝင်ဟောင်း နိုင်အောင်ဘ က ပြောကြားသည်။

တိုင်းပြည်၏ ကျဆင်းနေသည့် စီးပွားရေး အပိုင်းအား ပြန်လည်ထူထောင်ရန်အတွက် နံပါတ်တစ် အရေးကြီးဆုံးသည် တိုင်းရင်းသား ပြည်သူပြည်သား တစ်ရပ်လုံး ငြိမ်းချမ်းရေးရမှသာ ဖြစ်မည်ဟု NLD နာယက သူရဦးတင်ဦး ပြောကြား

တိုင်းပြည်၏ ကျဆင်းနေသည့် စီးပွားရေး အပိုင်းအား ပြန်လည်ထူထောင်ရန်အတွက် နံပါတ်တစ် အရေးကြီးဆုံးသည် တိုင်းရင်းသား၊ ပြည်သူပြည်သား တစ်ရပ်လုံး ငြိမ်းချမ်းရေးရမှသာ ဖြစ်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ သဘာပတိအဖွဲ့ နာယက သူရဦးတင်ဦးက ဧပြီ ၄ ရက်တွင် ပြောကြားသည်။

ဧပြီ ၄ရက်က ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးအတွက် စီးပွားရေး လုပ်ငန်းများ (Business for Peace) ဆွေးနွေးပွဲ၌ အဖွင့်အမှာစကား ပြောကြားရာ သူရဦးတင်ဦးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၏ မဲပေးမှုရာခိုင်နှုန်းမှာ ၁၉၈၈ နောက်ပိုင်းပြုလုပ်သည့် ရွေးကောက်ပွဲငါးခုတွင် အနည်းဆုံးဖြစ်ခဲ့ပြီး သမိုင်းတစ်လျှောက် စံချိန်တင် အနည်းဆုံးအဖြစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မဲဆန္ဒနယ်တွင် ၁၂ ရာခိုင်နှုန်းသာ မဲပေးခဲ့

၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်  စုစုပေါင်း မဲဆန္ဒနယ် ၁၉ နေရာအတွက် မဲပေးမှုရာခိုင်နှုန်းကို တွက်ချက်ပါက ၁၉၈၈ နောက်ပိုင်းပြုလုပ်သည့် ရွေးကောက်ပွဲများတွင် အနည်းဆုံးဖြစ်ခဲ့ပြီး သမိုင်းတစ်လျှောက် စံချိန်တင်မှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မဲဆန္ဒနယ်တွင် ၁၂ ရာခိုင်နှုန်းခန့်သာ မဲပေးခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် လစ်လပ် မဲဆန္ဒနယ်များအနက် နေရာအချို့၌ မဲပေးသူ နည်းပါးပြီး ကနဦး အချက်အလက်များအရ နေရာအများစုတွင် NLD ၊ အမ်းတွင် ANP မှ ဒေါက်တာအေးမောင်၊ ချောင်းဆုံတွင် ပြည်ခိုင်ဖြိုးတို့ အနိုင်ရပြီး ရှမ်းပြည်နယ်တွင် SNLD အခြေအနေကောင်းနေ

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် လစ်လပ်မဲဆန္ဒနယ်များအနက် နေရာအချို့တွင် မဲပေးသူ နည်းပါပြီး ကနဦးအချက်အလက်များအရ နေရာအများစုတွင် NLD ၊ အမ်းတွင် ANP ပါတီမှ ဒေါက်တာအေးမောင်၊ ချောင်းဆုံတွင် ပြည်ခိုင်ဖြိုးတို့ အနိုင်ရပြီး ရှမ်းပြည်နယ်တွင် SNLD အခြေအနေကောင်းနေကြောင်း သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အချို့တွင် မဲပေးသူ နည်းပါးခဲ့ကြောင်းကို ကိန်းဂဏန်းအချက်အလက် အတိအကျ မရရှိသေးသော်လည်း မြေပြင်သတင်းများအရ သိရ သည်။