Sports

■ ယနေ့နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ အာဆင်နယ် - လက်စတာ (၂၇-၄-၂၀၁၇ နံနက် ၁း၁၅)

ပုံစံကောင်းပြနေတဲ့ လက်စတာကို အာဆင်နယ်အသင်း ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။ လက်စတာရဲ့ခြေစွမ်းက တည်ငြိမ်နေတယ်။ အဲဗာတန်၊ ပဲလေ့စ်၊ အက်သလက်တီကိုတို့နဲ့ ပွဲတွေမှာ နိုင်ပွဲပျောက်ခဲ့ပေမယ့် ခြေမညံ့ဘူး။ အာဆင်နယ်ကလည်း အားပျော့နေလို့ အသည်းအသန် ကစားရလိမ့်မယ်။

■ မစ်ဒယ်ဘရော့ - ဆန်းဒါးလန်း (၂၇-၄-၂၀၁၇ နံနက် ၁း၁၅)

ယခုရာသီအတွက် PFA အကောင်းဆုံးဆု ကွန်တေရရှိပြီး လူငယ်ဆုကို အယ်လီ နှစ်ကြိမ်ဆက်ဆွတ်ခူး

ဗြိတိန်အခြေစိုက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ချုပ် (PFA) က ပေးအပ်ချီးမြှင့်သည့် ၂၀၁၆-၂၀၁၇ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးအသင်း၏ ပြင်သစ်ကွင်းလယ်လူ ကွန်တေနှင့် လူငယ်အကောင်းဆုံးဆုကို စပါးအသင်း၏ အင်္ဂလန်ကွင်းလယ်လူ အယ်လီက ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

လုံခြုံရေး အကြောင်းပြချက်ဖြင့် ယခုရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အမိုးပိတ်၍ ကျင်းပဖွယ်ရှိ

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) သည် ယခုရာသီ ချန်ပီယံ လိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအား လုံခြုံရေး အကြောင်းပြချက်ဖြင့် အမိုးပိတ်၍ ကျင်းပဖွယ်ရှိကြောင်း သိရသည်။

ယခုရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဗြိတိန်ကျွန်းစု ဝေးလ်စ်ပြည် နယ် ကာဒစ်ဖ်မြို့ရှိ ထောင်စုနှစ် အားကစားကွင်း၌ ဇွန် ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

UEFA သည် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ကစားခဲ့သည့် ဒေါ့မွန်နှင့် မိုနာကို အသင်းတို့ပွဲ မတိုင်မီ ဒေါ့မွန်အသင်း၏ ဘတ်စ်ကား ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်လုပွဲ အတွက်လည်း လုံခြုံရေး အခြေအနေ တိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်သည်။

၂၀၁၈ အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၃၉ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၃၉ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း အာရှအိုလံပစ်ကောင်စီ (OCA) က ထုတ်ပြန်ကြေညာခဲ့သည်။ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံသည် မူလက ပြိုင်ပွဲအမျိုးအစား ၄၂ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း အာရှအိုလံပစ်ကောင်စီက အားကစားနည်း ၃၉ မျိုးမှ ပြိုင်ပွဲ အမျိုးအစား ၄၂၆ မျိုး ထည့်သွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။