Sports

အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၅၃)သန်းဖြင့် လာကာဇက်ကို အာဆင်နယ် ခေါ်ယူ

အာဆင်နယ်အသင်းသည် အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၅၃) သန်းဖြင့် လိုင်ယွန်အသင်းမှ အသက်(၂၆)နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး လာကာဇက်ကို အပြီးသတ် ခေါ်ယူခဲ့သည်။

လာကာဇက်သည် ပြီးခဲ့သည့်အင်္ဂါနေ့တွင် အာဆင်နယ်အသင်း၏ လေ့ကျင့်ရေး စင်တာသို့ ရောက်ရှိခဲ့ပြီး ဆေးစစ်မှုများ ပြုလုပ်ခဲ့သည်။

ယနေ့(ဗုဒ္ဓဟူးနေ့) နေ့လယ်ပိုင်းတွင် အပြောင်းအရွှေ့ အပြီးသတ်ခဲ့ပြီး အာဆင်နယ်အသင်းသည် လာကာဇက်ကို(၅)နှစ် စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲမည့်ပုံစံ ပြောင်းလဲခဲ့ပြီး ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်

မလေးရှားအိုလံပစ်ကော်မတီသည် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲမည့်ပုံစံ ပြောင်းလဲခဲ့ပြီး ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ အုပ်စု မဲခွဲမည့် ပုံစံသစ်အရ အိမ်ရှင်မလေးရှားအသင်းနှင့် လက်ရှိချန်ပီယံ ထိုင်းအသင်းသည် အုပ်စုတစ်ခုစီတွင် ဦးစားပေးအသင်းအဖြစ် သတ်မှတ်ခံရပြီး ကျန်အသင်းများအား ဆီဒင်သတ်မှတ်ကာ မဲနှိုက် ရေးဆွဲသွားမည်ဖြစ်သည်။
 

လာမည့်ရာသီတွင် ၀တ်ဆင်မည့် အိမ်ကွင်းဝတ်စုံသစ်ကို မန်ယူအသင်း မိတ်ဆက်ပြသ

မန်ယူအသင်းသည် လာမည့် ၂၀၁၇-၁၈ ရာသီတွင် ၀တ်ဆင်မည့် ၀တ်စုံသစ်ကို အသင်းမှ နာမည်ကျော်ကစားသမားများနှင့် မိတ်ဆက်ပြသခဲ့သည်။

ဝတ်စုံသစ်၏ အထူးခြားဆုံး အပြောင်းအလဲမှာ ကော်လံတွင် ကြယ်သီးပါသည့် ပုံစံဖြစ်ပြီး လက်မောင်းတွင်လည်း အဖြူအနက် အစင်းများဖြင့် ကွပ်ထားကြောင်း သိရှိရသည်။

Adidas ကုမ္ပဏီက ယခုဝတ်စုံသစ်ကို ဖန်တီးရာတွင် ယခင် အတိတ်ကာလ ၀တ်စုံများမှ ဂန္ထ၀င်ပုံရိပ်များအား အခြေခံထားကြောင်းနှင့် မန်ယူအသင်း အသုံးပြုနေကျ အရောင်အသွေးအားလုံး စုံလင်အောင် ထည့်သွင်းပေးထားကြောင်း ပြောကြားခဲ့သည်။

Grenfell Tower မီးဘေးအတွက် ဘယ်လာရင် ကတိအတိုင်း ငွေလှူဒန်း

အာဆင်နယ်အသင်းမှ စပိန်ယူ-၂၁လက်ရွေးစင်နောက်ခံလူ ဘယ်လာရင်သည် ဇွန်လ(၁၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် Grenfell Tower မီးဘေးအတွက် ကတိအတိုင်း ငွေကြေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ဘယ်လာရင်သည် ဥရောပယူ-၂၁ ပြိုင်ပွဲတွင် စပိန်အသင်းအတွက် ကစားခွင့်ရတိုင်း တစ်မိနစ်ကစားလျှင် ပေါင်(၅၀)လှူဒါန်းမည်ဟု ကတိပြုခဲ့ပြီး စပိန်အသင်းမှာ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့မှုကြောင့် ပွဲကစားချိန်မှာ နာကျင်အချိန်ပိုမိနစ်များအပါအ၀င် (၃၈၁)မိနစ်အထိ ရှိခဲ့သည်။

စတင်ဒယ်လ်ရဲ့ ဂိုးနဲ့ ချီလီကို အနိုင်ယူပြီး ကွန်ဖက်ဒရေးရှင်းဖလား ဆွတ်ခူးခဲ့တဲ့ ဂျာမနီ

၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲအဖြစ် ဂျာမနီနဲ့ ချီလီတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဂျာမနီအသင်းက တိုက်စစ်မှူး စတင်ဒယ်လ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံဆုဖလား ဆွတ်ခူးခဲ့ပါတယ်။

ဒီပွဲဟာ ဗိုလ်လုပွဲဖြစ်တာကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်းမှာ ချီလီ အသင်းက ပိုဖိကစားခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ ပထမပိုင်း မိနစ်(၂၀)မှာ ဂျာမနီအသင်း ဂိုးရရှိခဲ့ပြီး ချီလီ ကွင်းလယ်လူ ဒီယက်ဇ်ရဲ့ စိတ်ပျက်စရာ အမှားကနေ ၀ါနာ ဘောလုံးရခဲ့ကာ ထိုးပေးလိုက်တာကို စတင်ဒယ်လ်က ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ ကန်သွင်းခဲ့တာပါ။