Sports

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ဆွမ်ဆီး - မစ်ဒယ်ဘရော့ (၂-၄-၂၀၁၇ ည ၇း၀၀)

ဆွမ်ဆီးအသင်းရဲ့ လက်ရှိခြေစွမ်းက အကောင်းဆုံး အနေအထားကနေ ပြန်ကျလာတယ်။ မစ်ဒယ်ဘရော့ကတော့ နည်းပြနဲ့ လမ်းခွဲလိုက်ရတဲ့ အခြေအနေတောင် ရောက်နေပြီး၊ မန်ယူနဲ့ ပွဲမှာလည်း တော်တော်အားနည်းခဲ့တာကို တွေ့ရတယ်။ ဒီပွဲက သရေကျသွားနိုင်ပါတယ်။

ပွဲကြိုအချက်အလက်

ဒိုင်လူကြီး - မက်ဒလေ (ပွဲ-၂၂၊ အ၀ါ-၉၀၊ နှစ်ဝါတစ်နီ-၁၊ တိုက်ရိုက်အနီ-၀)

■မစ်ဒယ်ဘရော့အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၁၃) ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသလို အဝေးကွင်းနောက်ဆုံး (၇)ပွဲမှ (၆)ပွဲတွင်လည်း ဂိုးပေါက်ပျောက်ခဲ့သည်။

■ လာမည့်ရာသီမှ စတင်၍ ဗြိတိန်စံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ပရီးမီးယားလိဂ်ပွဲစဉ်များ ကျင်းပရန် စီစဉ်

လာမည့်ရာသီမှ စတင်၍ ပရီးမီးယားလိဂ်ပွဲစဉ်များကို ဗြိတိန်စံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ကျင်းပသွားရန် ပြိုင်ပွဲတာဝန်ရှိသူများက စီစဉ်ထားသည်။ အမေရိက၊ သြစတြေးလျနှင့် အာရှတိုက်ရှိ ပရီးမီးယားလိဂ် ပရိသတ်များအတွက် ရည်ရွယ်၍ ယင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်တွင်းပရိသတ်များ အနေဖြင့် ရုပ်သံမှ တိုက်ရိုက်ကြည့်ရှုခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။ ဗြိတိန်စံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ကစားမည့် ပထမဆုံးပွဲစဉ်အဖြစ် လန်ဒန်မြို့ခံနှစ်သင်း၏ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲကို သတ်မှတ်သွားရန် ပရီးမီးယားလိဂ်ပြိုင်ပွဲ တာဝန်ရှိသူများက စိတ်ကူးနေသည်။ လန်ဒန်မြေအောက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှာ နံနက် (၅) နာရီဝန်း

ကချင်စစ်ဘေးရှောင်ဒေသများသို့ လှူဒါန်းရန်အတွက် ပြိုင်ပွဲများတွင် အောင်လအန်ဆန် အသုံးပြုခဲ့သည့် ပစ္စည်းများ လေလံတင်ရောင်းချ

MMA ကစားသမား အောင်လအန်ဆန်သည် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒေသများကို အလှူငွေများ လှူဒါန်းနိုင်ရန်အတွက် MMA ပြိုင်ပွဲများတွင် အသုံးပြုခဲ့သည့် ၎င်း၏ပစ္စည်းများ လေလံတင် ရောင်းချပွဲကို မတ် ၃၁ ရက် ညနေပိုင်းက ဒဂုံမြို့နယ်ရှိ န၀ဒေးလမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
 

အာရှ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုပထမဖြင့် ကွာတားဖိုင်နယ် တက်ရောက်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် ၂၀၁၇ အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘော်လီဘောပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ ပွဲစဉ်များကို မတ် ၃၀ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရာ အိမ်ရှင် မြန်မာအသင်း အုပ်စုပထမရရှိကာ နောက်တစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးနေ့ပွဲစဉ်များတွင် အိမ်ရှင် မြန်မာအသင်းက သြစတြေးလျအသင်းကို (၃-၁) ပွဲဖြင့် အနိုင်ရကာ အုပ်စုပထမနေရာ ရရှိခဲ့ခြင်း ဖြစ်သည်။