Sports

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ သွင်းဂိုးအများဆုံးစာရင်းတွင် အောင်သူ ဦးဆောင်နေ

ဆီးဂိမ်းစ်ပြိုင်ပွဲအကြို ကျင်းပလျက်ရှိ သည့် KBZ Bank Cup  လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲ၏ သွင်းဂိုးအများဆုံးစာရင်းတွင် မြန်မာအသင်းတိုက်စစ်မှူး အောင်သူက သုံးဂိုးဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိကြောင်း သိရသည်။

လေးနိုင်ငံပြိုင်ပွဲ ချန်ပီယံဆု အဆုံးအဖြတ်ပွဲအဖြစ် မြန်မာနှင့် ဂျပန်တက္ကသိုလ် ယနေ့ ကစားမည်

ဆီးဂိမ်းစ်ပြိုင်ပွဲအကြို KBZ Bank Cup လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲများကို ဇူလိုင် ၂ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဆု အဆုံးအဖြတ်ပွဲအဖြစ် အိမ်ရှင်မြန်မာယူ-၂၂ အသင်းနှင့် ဂျပန်တက္ကသိုလ်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွင် အသင်းများ ရမှတ်တူနေပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို KBZ Bank Cup လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွင် အသင်းများ ရမှတ်တူနေပါက ဂိုးကွာခြားချက်ဖြင့် ဦးစားပေး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ယနေ့ ကျင်းပမည်

MMA ဘက်စုံ ကိုယ်ခံပညာသုံးပြိုင်ပွဲကို ဇွန် ၃၀ ရက် (ယနေ့) တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအဖြစ် အောင်လအန်ဆန်နှင့် လက်ရှိချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ် (ရုရှား) တို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အိမ်ရှင်မြန်မာအသင်း ကမ္ဘောဒီယားအသင်းကို ဂိုးပြတ်အနိုင်ရ

ယနေ့စတင်ကျင်းပသည့် KBZ Bank Cup 2017 ပထမနေ့ပွဲစဉ်တွင် အိမ်ရှင်မြန်မာ ယူ-၂၂ အသင်းက ကမ္ဘောဒီးယား ယူ-၂၂ အသင်းကို ခြေစွမ်းပြသကာ (၄-၁)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်းသိရသည်။

မြန်မာအသင်း၏ပွဲထွက်လူစာရင်းတွင် ဘုန်းသစ္စာမင်း၊ နန်းဝေမင်း၊ ထိုက်ထိုက်အောင်၊ သီဟထက်အောင်၊ ဟိန်းသီဟဇော်၊ မောင်မောင်လွင်၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ စည်သူအောင်၊ သန်းပိုင်နှင့် အောင်သူတို့ပါဝင်ခဲ့ပြီး အဖွင့်ပွဲစဉ်တွင် နိုင်ပွဲရရှိရန် ပြင်ဆင်လာခဲ့သည်။