Sports

■ ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ခရစ္စတယ်ပဲလေ့စ် နှင့် ချယ်လ်ဆီး (စနေည ၇း၀၀ နာရီ)

ပဲလေ့စ်ရဲ့ တိုက်စစ်ကစားပုံကို ချယ်လ်ဆီး သတိပြုရမယ်။ ရလဒ်တွေ ဆိုးနေတဲ့ အသင်းဆိုပြီး လျှော့တွက်လို့ မရဘူး။ ပဲလေ့စ်ရဲ့ ဂိုးသွင်းနှုန်းက မြင့်တယ်။ ဒါပေမဲ့ သူတို့ခံစစ်ကိုလည်း ချယ်လ်ဆီးတိုက်စစ်က အလွယ်တကူ ချိုးဖြတ်နိုင်တယ်။ အရှိန်ရပြီး အကောင်းဆုံး ပုံစံပြနေတဲ့ ချယ်လ်ဆီးပဲ ကြိုက်တယ်။

■ မစ်ဒယ်ဘရော့ နှင့် ဆွမ်ဆီး (စနေည ၉း၃၀ နာရီ)

Goal.Com မှ ရွေးချယ်မည့် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲ၏ နေရာအလိုက် အကောင်းဆုံးဆုများ၏ ပဏာမစာရင်းတွင် မြန်မာ့လက်ရွေးစင် နောက်ခံလူဇော်မင်းထွန်းနှင့် တိုက်စစ်မှူးအောင်သူ ပါဝင်

နာမည်ကြီး အားကစားသတင်းဝက်ဘ်ဆိုက် Goal.Com မှ ရွေးချယ်မည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ နေရာအလိုက် အကောင်းဆုံးဆုများအတွက် ပဏာမစာရင်းတွင် မြန်မာ့လက်ရွေးစင်အသင်းမှ ကစားသမားနှစ်ဦး ပါဝင်နေကြောင်းသိရသည်။

ဘာမင်ဂမ်နည်းပြသစ်အဖြစ် ဇိုလာ ခန့်အပ်ခံရ

လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းသည် အသင်းနည်းပြသစ်အဖြစ် အီတလီနိုင်ငံသား ဂန္ထ၀င်ကစားသမား ဇိုအာကို ဒီဇင်ဘာ (၁၄)ရက်နေ့က တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရသည်။

ယခင်နည်းပြ ဂယ်ရီရိုဝက်အား ရာထူးမှထုတ်ပယ်ပြီး (၂၄)နာရီအတွင်း ဇိုလာအား နည်းပြသစ်အဖြစ် အစားထိုးခဲ့ခြင်းဖြစ်ပြီး (၂)နှစ်ခွဲသက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဇိုလာသည် ချယ်လ်ဆီးအသင်းဖော်ဟောင်း ကာဆီရာဂီကို သူ၏ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး အသင်းဖော်ဟေင်း ဟစ်ကော့ခ်ျကို ဂိုးနည်းပြအဖြစ် အသီးသီး ခန့်အပ်ခဲ့သည်။

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်

ဘုန်းမောက် နှင့် လက်စတာ (ဒီဇင်ဘာ ၁၄ မြန်မာစံတော်ချိန် နံနက် ၂း၁၅)

ဘုန်းမောက်က နိုင်လိုက်ရှုံးလိုက် ဖြစ်နေတယ်။ ရလဒ်တွေက မငြိမ်ဘူး။ အိမ်ကွင်းမှာ နိုင်တယ်၊ ရှုံးတယ်။ အဝေးကွင်းမှာ နိုင်တယ်၊ ရှုံးတယ်။ သရေပွဲနည်းပြီး အနိုင်၊ အရှုံးပေါ်တာများတယ်။ သရေမကြိုက်ဘူး။ ဖွင့်ကစားတတ်တယ်။ လက်စတာက စိတ်ဓာတ်တက်နေတယ်လို့ ပြောရမယ်။ ဒါပေမဲ့ ဒီပွဲကို စောင့်ကြည့်ရဦးမယ်။ ဂိုးများနိုင်တယ်။ လက်စတာကို ကြိုက်တယ်။

အဲဗာတန် နှင့် အာဆင်နယ် (ဒီဇင်ဘာ ၁၄ မြန်မာစံတော်ချိန် နံနက် ၂း၁၅)

၂၀၁၆ ခုနှစ် ရွှေဘောလုံးဆု Ballon d'Or ကို စီရော်နယ်လ်ဒို (၄)ကြိမ်မြောက်အဖြစ် ရရှိ

ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီကစားသမား စီရော်နယ်လ်ဒိုသည် ၂၀၁၆ ခုနှစ် ရွှေဘောလုံးဆု Ballon d'Or ကို (၄)ကြိမ်မြောက်အဖြစ် ရရှိခဲ့ကြောင်း သိရှိရသည်။

စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံဆုများ ရယူနိုင်ခဲ့ခြင်းကြောင့် မူလကတည်းက ရွှေဘောလုံးဆုရရှိရန် ရေပန်းစားခဲ့သော်လည်း မက်ဆီနှင့်အပြိုင်ဖြစ်နေခြင်းကြောင့် နောက်ဆုံးအချိန်အထိ စောင့်ကြည့်ခဲ့ရခြင်းဖြစ်သည်။