Sports

မြန်မာအသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုများ မဲခွဲပွဲကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြုလုပ်မည်

မြန်မာ ယူ-၂၀ အသင်း ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီ ၁၀ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီတွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၀ အသင်း အီရန်ယူ-၂၂ အသင်းကို ရှုံးနိမ့်

တူရကီနိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ-၂၀ အသင်းသည် ဇန်နဝါရီ ၂၅ ရက်က အီရန် ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

မြန်မာယူ-၂၀ အသင်းသည် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ကစားခဲ့သော်လည်းအီရန် ယူ-၂၂ အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

အီရန် ယူ-၂၂ အသင်းသည် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရှိရန် ရည်မှန်းချက်ထား ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး တူရကီနိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက လာရောက်လေ့ကျင့်နေသည့် အသင်းဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၀ အသင်း အဇာဘိုင်ဂျန် ယူ-၂၁ အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိ

ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံတွင် ခြေစမ်းပွဲများ သွားရောက်ကစားနေသည့် မြန်မာ ယူ-၂ဝ အသင်းသည် ခြေစမ်းပွဲဒုတိယပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၁ ရက်၊ မြန်မာစံတော်ချိန် ည ၉ နာရီခွဲက အဇာဘိုင်ဂျန် ယူ-၂၁ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ (၂-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

IFFHS မှ ထုတ်ပြန်သည့် လက်ရွေးစင်နှင့် ဒေသတွင်း အဖွဲ့ချုပ်လက်အောက်ရှိ ကလပ်ပြိုင်ပွဲများတွင် ၂၀၁၄ ဂိုးသွင်းအများဆုံး စာရင်း၌ ကျော်ကိုကို အဆင့် ၇ ၌ ရပ်တည်

နိုင်ငံတကာ ဘောလုံးသမိုင်းနှင့် စာရင်းအင်းပြုစုရေးအဖွဲ့(IFFHS) မှ ထုတ်ပြန်သည့် ၂ဝ၁၄ ခုနှစ်၏ လက်ရွေးစင်နှင့် ဒေသတွင်း အဖွဲ့ချုပ်လက်အောက်ရှိ ကလပ်အသင်း ပြိုင်ပွဲများတွင် ဂိုးသွင်းအများဆုံး စာရင်း၌ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုမှာ အဆင့် ၇ နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ ယူ-၂၀ အသင်း ဥရောပခရီးစဉ်တွင် ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်အသင်းများနှင့် ခြေစမ်းခွင့်ရရှိရန် ကြိုးပမ်းမည်

မြန်မာ ယူ-၂ဝ အသင်းသည် လာမည့် ဧပြီလအတွင်း အင်္ဂလန်နှင့် ဂျာမနီနိုင်ငံများသို့ သွားရောက်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး ယင်းခရီးစဉ်အတွင်း ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်စသည့် အသင်းများနှင့် ခြေစမ်းခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။