Sports

၂၀၁၈ အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၃၉ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၃၉ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း အာရှအိုလံပစ်ကောင်စီ (OCA) က ထုတ်ပြန်ကြေညာခဲ့သည်။ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံသည် မူလက ပြိုင်ပွဲအမျိုးအစား ၄၂ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း အာရှအိုလံပစ်ကောင်စီက အားကစားနည်း ၃၉ မျိုးမှ ပြိုင်ပွဲ အမျိုးအစား ၄၂၆ မျိုး ထည့်သွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် မြန်မာအသင်း တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့နှင့် ကျရောက်

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၁၈ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု မဲခွဲပွဲအခမ်းအနားကို ဧပြီ ၂၁ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC ရုံး၌ကျင်းပရာ မြန်မာအသင်းသည် အုပ်စု (G) တွင် တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့နှင့် ကျရောက်နေကြောင်း သိရသည်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွင် ဗိုလ်စွဲရန် ရေပန်းစားနေသည့် မန်ယူ အဝေးကွင်း၌ ဆယ်လ်တာဗီဂိုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အေဂျက်စ်-လိုင်ယွန် ဆုံတွေ့

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့် မဲခွဲပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်စွဲရန် ရေပန်းစားနေသည့် မန်ယူအသင်းမှာ အဝေးကွင်းတွင် ဆယ်လ်တာဗီဂိုနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နယ်သာလန် ထိပ်သီး အေဂျက်စ်အသင်းမှာ လိုင်ယွန်နှင့် ဆုံတွေ့နေကြောင်းသိရသည်။

မန်ယူအသင်းသည် ဥရောပပြိုင်ပွဲများတွင် ဆယ်လ်တာဗီဂိုနှင့် တစ်ကြိမ်မှ ဆုံတွေ့ဖူးခြင်းမရှိဘဲ ယခုမှ ပထမဆုံးအကြိမ် ရင်ဆိုင်ရမည်ဖြစ်သည်။