ဆောင်းပါးများ

ကံမွဲတဲ့ ဘ၀မှာ

(၁)

ပြောရရင် ဒီနေရာ ရောက်ခါစက တော်တော် ကြောက်ပါတယ်။ တော်တော်လည်း ရှက်ပါတယ်။ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်ဆိုတဲ့ အထဲမှာတော့ ငါ့ဝမ်းပူဆာ မနေသာလို့တဲ့။ ကျွန်မအတွက်က ၀မ်းဝဖို့လည်း မဟုတ်ရပါ။ ခါးလှဖို့လည်း မဟုတ်တာ သေချာပါတယ်။ ဒါ အမှန်စကားပါ။ ကျမ်းလည်း ရွက်ရဲပါတယ်။ သစ္စာလည်း ဆိုရဲပါတယ်။ ကျိန်ဆိုရင်လည်း အကြိမ်တစ်ရာ ကျိန်ဆိုရဲပါတယ်။ ကျိန်ရဲတဲ့ လူတွေက သူများထက်ပိုပြီး လိမ်ရဲတယ်ဆိုပေမယ့် အဲဒီအထဲမှာ ကျွန်မ မပါပါဘူး။ ဘယ်သူသိသိ မသိသိ ကျွန်မကိုယ်စောင့်နတ် သိတယ်။ ကျွန်မ သိတယ်။
 

(၂)

‘နှစ် (၇၀၀) ပြည့် စစ်ကိုင်း’

(၁)

လွန်ခဲ့သည့်လပိုင်းက ထိုင်းနိုင်ငံသို့ ရောက်ဖြစ်သွားသည်။ ထိုင်းကို ရောက်သွားတော့ ဘန်ကောက်ကိုလည်း ရောက်ရသည်။ ဘန်ကောက်သည် နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့ဖြစ်ကြောင်း အထူးပြောဖို့ လိုမည်မထင်ပါ။

ငြိမ်းချမ်းရေး ဆာလောင်နေသော စစ်ပွဲများ

ကမ္ဘာကြီးသည် ချန်နယ်အသီးသီးမှ စစ်ပွဲတွေ အကြောင်းကို ထုတ်လွှင့်လျက် ရှိလေသည်။ တီဗွီမှတစ်ဆင့် မြင်ရသော စစ်၏အနိဋ္ဌာရုံများက နည်းနည်းမှ စိတ်ချမ်းသာစရာ မရှိ။ အမှိုက်ပုံကို ကြက်ယက်ထားသလို မြို့ပျက်ကြီးတွေကို မြင်တွေ့ နေရသည်။ အမြောက်ဆန်ထိမှန်ထား၍ ပြိုကျပျက်စီးနေသော တိုက်အိမ်များ၊ အုပ်ပုံကြီးတွေအဖြစ် ပြောင်းလဲသွားသော မြို့ကြီးများကို တွေ့မြင်နေရသည်။ မြို့ကို တစ်ယောက်မကျန် စွန့်ခွာပစ်ပြေးကြလေသော ဒုက္ခသည်များ၊ ကလေးများ၊ ငိုကြွေး မြည်တမ်းနေကြသောလူများကို မြင်တွေ့နေရသည်။ နှစ်ပေါင်းမြောက်မြားစွာ ကြာသည့်တိုင် အဆုံးမသတ်နိုင်သေးသော အာရပ်အစ္စရေးစစ်ပွဲ။ စစ်ပွဲတွေအကြောင်း ပြောမယ်ဆိုရင် လူသေဆုံးမှု စာရင်းတွေက မဖြစ်မနေ

ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်မလာရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးလည်း ဖြစ်မလာနိုင်ဘူး

ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် ပြည်သူများ လိုလားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေတွေဟာ တစ်ခန်းရပ်၊ အလုံပိတ် အနေအထားမျိုး ဖြစ်သွားရပါတယ်။

အဲဒီမှာပဲ တကယ်လို့သာ ပြည်သူလိုလားနေတဲ့ ပြင်သင့်ပြင်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေကို လွှတ်တော်တွင်းမှာ မလုပ်နိုင်ရင် ဘာတွေဆက်ဖြစ်လာမလဲ၊ မဖြစ်မနေ ပြင်သင့်တာတွေကို လွှတ်တော်ပြင်ပကနေ ပြင်ဖို့ ကြိုးစားလာကြမယ် ဆိုရင် ဘာတွေ ဖြစ်လာတော့မလဲ စတဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။

EMG '၁၅' နှစ်ပြည့် အခမ်းအနားတွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ပြောကြားခဲ့သော အမှတ်တရစကား

အာရှမှာ အာရှနွေဦးဟာ သီရိလကာင်္က အစခဲ့ပြီဆိုတာ သတိပြုရပါတယ်။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ မကြာခင်မှာ အာရှနွေဦးရဲ့ ဂယက်ရိုက်လို့ လာပါလိမ့်မယ်။ အာရှနွေဦးဟာ အာရပ်နွေဦးလိုတော့ ပြင်းထန်မှာ မဟုတ်ဘဲနဲ့ ညင်ညင်သာသာ ပြောင်းလဲသွားပါလိမ့်မယ်။ ဒီညင်ညင်သာသာ ပြောင်းလဲမှုဟာ ရွေးကောက်ပွဲကတစ်ဆင့် မိမိလိုလားတဲ့ အစိုးရကို ပြောင်းလဲနိုင်တယ် ဆိုတာကို သီရိလကာင်္မှာ ပထမသက်သေပြခဲ့ပါတယ်။ ဒီလိုမဟုတ်ပဲ မပြောင်းလဲပဲ နေခဲ့ရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နှစ်ပေါင်း ၆၇ နှစ် ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့နိုင်ငံမှာ ဘယ်လိုအခြေအနေမျိုးတွေ ဖြစ်မလဲဆိုတာကို မှန်းဆတွက်ကြည့်လ

ရွှေပြည်တော် မျှော်တိုင်းဝေး

‘ငြိမ်းချမ်းရေးဆိုတာ အင်မတန်မှ အလှမ်းကွာဝေးတဲ့ခရီးကို လျှောက်လှမ်းရတာမျိုး ဖြစ်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းကို ရှာဖွေကြံဆပြီး လျှောက်လှမ်းမယ်ဆိုရင်တော့ ဘယ်လောက်ပဲ ကွာဝေးပါစေ ဒီခရီးကို ရောက်နိုင်ပါတယ်’ ဆိုတဲ့ ဆိုစကား ရှိပါတယ်။ ငြိမ်းချမ်းတဲ့ နည်းလမ်းကို လက်ကိုင်ပြုဖို့ ဆိုတာကတော့ တခြားဘာကိုမှ ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး။ စာနာတရားကို အရင်းခံပြုဖို့ပဲ ဆိုလိုတာပါ။ ရှေးယခင် အခါတုန်းကတော့ တောင်အာရှတိုက်ဒေသမှာ စာနာတရားဆိုတာ ရှားပါးပစ္စည်းတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုလိုနီနယ်ချဲ့ ဗြိတိသျှတွေဟာ အိန္ဒိယနဲ့ မြန်မာလူမျိုးတွေ အပေါ်မှာ စာနာစိတ်ထားဖို့ သတိမရခဲ့ကြလို့ ဖြစ်ပါတယ်။ သတိမရ

မြင့်တက်ဒေါ်လာတန်ဖိုးနှင့် ၀န်ထုပ်ဝန်ပိုး


ပြီးခဲ့တဲ့ မေလအတွင်းက စတင်ပြီး တက်ရိပ်ပြခဲ့တဲ့ ဒေါ်လာဈေးနှုန်းဟာ လက်ရှိမှာ တစ်ဒေါ်လာ ၁၂၀၀ နီးပါးဝန်းကျင်အထိ ရောက်ရှိနေတာကြောင့် သက်ရောက်မှုအများအပြား ဖြစ်ပေါ်လျက်ရှိပါတယ်။
 

ရှက်ဖွယ်ကောင်းတာကို သိပါလေစ

သန်မာထွားကျိုင်းပြီး...ကမ္ဘာသူအလယ် လျှောက်သွားမယ် အလွန်တင့်တယ် သုံးတောင်ဝတ်အားမငယ်... ဆယ်တောင်ပဲ ၀တ်ဝတ်...ချူချာနုံတယ်...ကိုယ်ကိုင်းမယ်  ရင်ညွန့်မယ် ရှက်ဖို့အလွန်ကောင်းတယ်...

ဝင်ငွေကွာဟမှု (Income Gap)

လုပ်ခ (Wage) လစာ (Salary) ၊ ၀င်ငွေ  (Income) တို့၏ သဘောသဘာဝသည် မတူညီပေ။ လုပ်ခနှင့်လစာတို့သည် ပုံသေ (Fixed) ၊ ပုံမှန် (Regular) ၊ သဘောပိုမိုဆောင်၍ ၀င်ငွေသည် ၀င်ငွေဖြစ်တည်ပုံအခြေအနေ  (Income Generation) အပေါ်တွင် ပိုမိုမူတည်ပေသည်။
 

လှိုင်းမိုက်

မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် လူနေအိမ်များနှင့် လယ်ယာများ ရေနစ်မြုပ်ခဲ့ရသည့် သတင်းများအား ဆက်ကာဆက်ကာ ဖတ်နေရသည်။ အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာမှုကြောင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းအပါအ၀င် အောက်ပိုင်းဒေသတွင်သာမကဘဲ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တို့တွင်လည်း မိုးသည်းထန်၍ ရေကြီးရေလျှံခြင်း ဖြစ်ပွားခဲ့သည်။
 
များမကြာသေးမီက စာရေးသူ၏  “မိုးကို ဘယ်သူတားမည်နည်း”ဟူသော ဆောင်းပါးတစ်ပုဒ်ကို The Daily Eleven က ၁၉-၆-၂၀၁၅ နေ့က ဖော်ပြပေးခဲ့ပြီ။ 
 

Melatonin မီလတိုနင် The Sleep Hormone အိပ်ပျော်ဟော်မုန်း

လူအတော်များများ အိပ်ပျော်မှု အထောက်အကူဖြစ်ရန် မီလတိုနင်ကို အိပ်ဆေးအစား သောက်ကြသည်။ သို့သော် အမှန်တကယ် ဤဆေးအစွမ်းထက်ပါရဲ့လား...။ အောက်ပါအချက်များကိုကြည့်ပါ။
မီလတိုနင်ဆိုတာ ဘာလဲ ? 
 
 

ရေကြီးလမ်းပျက် ရန်ကုန်မြို့ရဲ့အခက်

ယခုနှစ်ရဲ့မိုးရာသီကာလကို ရောက်ရှိလာခဲ့တာနဲ့ ရန်ကုန်မြို့တော်ကြီးဟာ ယခင်နှစ် မိုးရာသီများအတိုင်း ယာဉ်ကြောပိတ်ဆို့ မှုများ၊ ရေကြီးရေလျှံမှုများနဲ့ နေသားတကျ ရှိနေခဲ့ပါတယ်။
 
ပြီးခဲ့တဲ့နွေရာသီမှာ အပူရှိန်တွေ ပြင်းထန်စွာ မြင့်တက်ခဲ့တာကြောင့် အပူဒဏ်ကို ခံစားခဲ့ရတဲ့ ရန်ကုန်မြို့နေသူများအတွက် မိုးတွင်းကာလကို ရောက်ရှိပြန်ခဲ့တဲ့အချိန်မှာလည်း မြို့ပြကျပ်တည်းမှုဒဏ်တွေကို ဆက်လက်ခံနေကြရပါတယ်။ 
 

လောကကို စိုးမိုးသော စိတ်များ

ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပါသောလူတိုင်းတွင် စိတ်ဆိုသောအရာ ရှိကြသည်။ လူတို့၏ မြင်ရသောရုပ်ခန္ဓာကို ကိုယ်ဟုခေါ်ကြပြီး ကိုယ်တွင်းရှိ မမြင်ရသောအရာသည် စိတ်ဖြစ်သည်။ လူ၏စိတ်မည်သည့်နေရာတွင် ရှိသည် တည်သည်ကို သတ်မှတ်ဖို့ရာ ခက်ခဲပါသည်။ ဆေးသိပ္ပံပညာအရမူ ဦးနှောက် ပုံမှန်မဟုတ်သူတစ်ယောက်ကို စိတ်ရောဂါရှိသူဟု သတ်မှတ်လေ့ရှိကြသည်။ လူတို့တွင် ဘ၀င်စိတ်၊ ၀ိညာဉ်စိတ်၊ ပဋိသန္ဓေစိတ်၊ စုတိစိတ်တို့ ရှိကြောင်းလည်း ဘာသာရေးဆိုင်ရာစာပေအဆိုအမိန့်များတွင် မှတ်သားဖူးပါသည်။
 

မျှော်လင့်ချက် ရှိပါသေးသည်

အကယ်၍ လူတစ်ယောက်သည် ရပ်ကွက်အတွင်း၌ ဖြစ်စေ၊ အခြားတစ်နေရာရာသို့ ကိစ္စတစ်ခုဖြင့် သွားရောက်နေရင်းမှဖြစ်စေ၊ မျက်နှာချင်းဆိုင် တွေ့ရသူ လူစိမ်း (သို့) ရင်းနှီးသူ တစ်ယောက်ကို -
 
“ဒီမှာဗျာ ခင်ဗျား သတင်းတစ်ခုကို ကြားလိုက်တာနဲ့ “ကြားရကြားရ နားဝမသက်သာ” ဖြစ်သွားပြီး ချက်ချင်းဆိုသလိုပဲ “ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော” ဖြစ်သွားမယ်ဆိုရင် အဲဒီသတင်းဟာ ဘယ်လိုသတင်းမျိုးဖြစ်လိမ့်မလဲ”
ဟု မေးလိုက်မိမည်ဆိုပါလျှင် အမေးခံရသည့်ပုဂ္ဂိုလ်က
 

ရန်ကုန်နှင့် စင်ကာပူ မတူရခြင်း အကြောင်းရင်း

ရန်ကုန်နှင့် စင်ကာပူတို့သည် တစ်နှစ်လျှင် မိုးရေချိန် ၂၄၀၀ မီလီမီတာဝန်းကျင်စီ ရွာသွန်းသောအချက်နှင့် လူဦးရေ ငါးသန်းခွဲခန့်စီရှိကြသော အချက်တို့တွင် တူညီကြသည်။ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်သည် စတုရန်းကီလိုမီတာ ၆၀၀ ခန့်ရှိပြီး စင်ကာပူ၏ ဧရိယာသည် စတုရန်း ကီလိုမီတာ ၇၀၀ ခန့်ရှိသဖြင့် အကျယ်အ၀န်းချင်းလည်း များစွာမကွာခြားလှချေ။

ဘယ်လိုပြောင်းကြမှာလဲ (Changing of the Guard)

မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၀၀ ကျော် ကိုလိုနီပြုသွားသော အင်္ဂလိပ်တို့တွင် ကောင်းသောအစဉ်အလာ တစ်ခုရှိသည်။ ထို အစဉ်အလာသည်ကား ဘုရင်စနစ်ကို ထားရှိခြင်း ဖြစ်သည်။

သူတို့သည် ဘုရင်စနစ်ကို မြှောက်စားပေးထားပြီး အုပ်ချုပ်ရေးတွင် ပါဝင်ပတ်သက်ခြင်း မရှိစေဖို့ နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ထားသည်။ အကြောင်းကား ဘုရင်စနစ်သည် အာဏာရှင်စနစ်ဖြစ်၍ ဗြိတိသျှတို့သည် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေကြသည်။

မဲစာရင်းအမှားများနှင့် နိုင်ငံသားများ၏ အနာဂတ်

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံ အနှံ့အပြားမှာ အခြေခံမဲဆန္ဒရှင် စာရင်းများ ကြေညာမှုများတွင် ကိုယ်ရေးအချက်အလက် မှားယွင်းမှုများ ပါဝင်နေပြီး မဲစာရင်းမှာ လုံးဝမပါဝင်သူများနဲ့ ကွယ်လွန်ပြီး သူများမဲစာရင်းတွင် ပါဝင်မှုများရှိနေရာ မဲပေးခွင့်ရှိသူတိုင်းဟာ မဲစာရင်းတွေကို မဖြစ်မနေ သွားရောက်ကြည့်ရှု ပြင်ဆင်ကြဖို့ လိုအပ်လာပါတယ်။

ဆီးဂိမ်းဖိုင်နယ်အပြီးမှာ ကျွန်တော်ငိုခဲ့ပါတယ်.

(၁)
 
ဒီစာကိုရေးဖို့ ကျွန်တော် တော်တော်ကြီးကို အားမွေးခဲ့ရတာပါ။ အခုရော အားရှိလို့၊ အားပြည့်လို့ ရေးတာလားမေးရင် ကလေးတွေလိုပဲ ဖြေချင်ပါတယ်။ နိုး (No) ပါ။ ဆောရီးပါ။
 
ဟုတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေလို ပြောရမလား။ ဗိုက်ကနာလှပြီ။ ရေမြွှာက ပေါက်ခဲ့ပြီ။ အချိန်တန်ပြီဆိုတော့ ဆွဲထားလို့မှ မရတာ။ အောင့်ထားလို့မှ မရတာလေ။ ဒီတော့ မွေးရုံပေါ့။ နာတယ်ဆိုတာလည်း အတိုင်းအတာတစ်ခုသာ၊ ကာလတာတစ်ခုသာ မဟုတ်လား။
 
(၂)
 

အမှိုက်နှင့် ခြင်

ရေနုတ်မြောင်းက ရေမစီးပါ။ အကြောင်းမဲ့မဟုတ်။ ရေနုတ်မြောင်းထဲမှာ အမှိုက်တွေ ဆို့နေသည်။ ပြည့်နေသည်။ ရေဘယ်လိုမှ စီးလို့မရပါ။ ရေထဲမှာ အမှိုကသရိုက်မျိုးစုံရှိနေတော့ ရေမစီးသည်သာမကပါ။ အမှိုက်အသိုး အပုပ်တို့ရနံ့က နံစော်နေသည်။ ယင်းအနံ့ အသက်ဆိုး ရှူရှိုက်နေရခြင်းဖြင့် ကြာတော့ ခေါင်းမူးချင်သလို ဖြစ်လာသည်။ အော့ချင် အန်ချင်လာသည်။ ရောဂါဖြစ်ချင်လာသည်။ ထိုမြောင်းပုပ်နံ့သည် တစ်နေ့လုံးပင် အိမ်ပတ်ဝန်းကျင်ကို အနံ့ဆိုးဖြင့် အန္တရာယ်ပေးနေတော့၏။
 

သင်ယူခြင်းအတွက် သော့ချက်အချို့

အလုပ်လုပ်ပြီး ကျောင်းတက်နေရသူတစ်ဦးက အလုပ်မလုပ်ဘဲ စာကို အာရုံစိုက် ကြိုးစား၊ အဘက်ဘက်က လိုလေသေးမရှိအောင် ထားပေးခံရသူတစ်ဦးထက် စာမေးပွဲမှာ အမှတ်သာ၊ အဆင့်ကောင်းသွားတဲ့အဖြစ်မျိုး ၀တ္ထုတွေထဲမှာ ဖတ်ဖူးပါတယ်။ ဒါတွေက စာရေးသူက လုပ်ကြံဖန်တီးပြီး ရေးတာလား၊ ဒါမှမဟုတ် အလုပ်လုပ်ပြီး ကျောင်းတက်ရသူရဲ့  ပင်ကိုအနေအထားအရ အခြားသူထက် ပိုတော်နေတာလား စသဖြင့် မေးစရာလေးတွေ ရှိပါတယ်။ ဒါပေမဲ့ ဦးနှောက်ရဲ့ သင်ယူမှုနဲ့ဆိုင်တဲ့ အလုပ်လုပ်ပုံတွေကို သိရင်တော့ ဒါက ဖြစ်နိုင်တဲ့ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ အလုပ်လုပ်ပြီး ကျောင်းတက်ရခြင်းက သင်ယူမှုအတွက် မှန်ကန်တဲ့ ပုံစံဘက်ရောက်အောင် အကူအညီပေးသလို ဖြစ်နေကြောင်းတွေကို နားလည်နိုင်ပါလိမ့်

သရပါထက်မှ တိမ်တိုက်များ

(၁)

ကောင်းကင်ထက်မှာ မိုးတိမ်တွေက သိုင်းလို့ဝိုင်းလို့။ မနေ့ကလည်း ဒီနေ့လိုပင်။ တစ်နေ့ကလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ပုဂံမှာ အယောင်ဆောင် တိမ်တိုက်တွေ ရစ်ဝိုင်းနေတာ၊ ဟန်ရေးပြနေတာ ကြာခဲ့ပါပြီ။

အဖြေ . . .

ခုနစ်ထပ်ရှိ ကျွန်တော်ထိုင်နေသော ရုံးခန်းပြတင်းပေါက်မှ လှမ်းမျှော်ကြည့်လိုက်လျှင် သစ်လွင်သော အထပ် ၂၀ ကျော်မြင့် ကွန်ဒိုအဆောက်အအုံ သစ်ကြီးနှင့် ဆောက်လက်စ မိုးမျှော်ကွန်ဒို အဆောက်အအုံသစ်များကို မြင်ရသည်။ ရှည်လျားသော အ၀ါရောင် ကရိန်းလက်တံကြီးများနှင့် ဆောက်လက်စထပ်မြင့် အဆောက်အအုံကြီး၏ ငြမ်းစင်များ မြေပြင်ပေါ်တွင် လှုပ်ရှားနေသော မြေသယ်ယာဉ်များ၊ အလုပ်သမားများကို ခပ်ဝါးဝါးမြင်ရသည်။ အဆောက်အအုံသစ်ကြီး တစ်လုံးကတော့ ပြီးစီးသွားပြီဖြစ်၍ ငြမ်းအားလုံး ဖြုတ်သိမ်းပြီးဖြစ်ကာ အချောသပ်နေသည်။ ဤအဆောက်အအုံသည် မကြာမီ ရန်ကုန်မြို့၏ Land Mark အသစ်တစ်ခုအဖြစ် ၀န်ဆောင်မှုများ ပေးပါတော့မည်။

အသည်းကြားက မဲတစ်ပြား

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့တာ ခုဆိုငါးနှစ်သက်တမ်း ပြည့်တော့မှာပါ။ ပထမအကြိမ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပါတီက အစိုးရဖွဲ့ပြီး နိုင်ငံတော်ကို ဦးဆောင်လာခဲ့တာလည်း ငါးနှစ်ပြည့်လုနီးပါး ဆိုပါတော့။

Pages