ဆောင်းပါးများ

သရပါထက်မှ တိမ်တိုက်များ

(၁)

ကောင်းကင်ထက်မှာ မိုးတိမ်တွေက သိုင်းလို့ဝိုင်းလို့။ မနေ့ကလည်း ဒီနေ့လိုပင်။ တစ်နေ့ကလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ပုဂံမှာ အယောင်ဆောင် တိမ်တိုက်တွေ ရစ်ဝိုင်းနေတာ၊ ဟန်ရေးပြနေတာ ကြာခဲ့ပါပြီ။

အဖြေ . . .

ခုနစ်ထပ်ရှိ ကျွန်တော်ထိုင်နေသော ရုံးခန်းပြတင်းပေါက်မှ လှမ်းမျှော်ကြည့်လိုက်လျှင် သစ်လွင်သော အထပ် ၂၀ ကျော်မြင့် ကွန်ဒိုအဆောက်အအုံ သစ်ကြီးနှင့် ဆောက်လက်စ မိုးမျှော်ကွန်ဒို အဆောက်အအုံသစ်များကို မြင်ရသည်။ ရှည်လျားသော အ၀ါရောင် ကရိန်းလက်တံကြီးများနှင့် ဆောက်လက်စထပ်မြင့် အဆောက်အအုံကြီး၏ ငြမ်းစင်များ မြေပြင်ပေါ်တွင် လှုပ်ရှားနေသော မြေသယ်ယာဉ်များ၊ အလုပ်သမားများကို ခပ်ဝါးဝါးမြင်ရသည်။ အဆောက်အအုံသစ်ကြီး တစ်လုံးကတော့ ပြီးစီးသွားပြီဖြစ်၍ ငြမ်းအားလုံး ဖြုတ်သိမ်းပြီးဖြစ်ကာ အချောသပ်နေသည်။ ဤအဆောက်အအုံသည် မကြာမီ ရန်ကုန်မြို့၏ Land Mark အသစ်တစ်ခုအဖြစ် ၀န်ဆောင်မှုများ ပေးပါတော့မည်။

အသည်းကြားက မဲတစ်ပြား

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့တာ ခုဆိုငါးနှစ်သက်တမ်း ပြည့်တော့မှာပါ။ ပထမအကြိမ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပါတီက အစိုးရဖွဲ့ပြီး နိုင်ငံတော်ကို ဦးဆောင်လာခဲ့တာလည်း ငါးနှစ်ပြည့်လုနီးပါး ဆိုပါတော့။

နားလည်မှု လွဲသွားတယ်

မြန်မာ မြန်မာ ဒုန်းဒုန်း

ဒီရက်ပိုင်းအတွင်း တီဗွီရှေ့က ခွာရတယ် မရှိဘူး။ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ၂၃ နှစ် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအသင်းပြိုင်ပွဲများ။ ယူ-၂၀ မြန်မာလူငယ်တို့ရဲ့ နယူးဇီလန်နိုင်ငံမှ ပြိုင်ပွဲများ၊ မနားရအောင် ကြည့်ရတယ်။ သားနဲ့သမီးတို့က မျှော်စင်ကျွန်းမှာ အသံဝင်အောင် အော်ဟစ်အားပေးကြတယ်။ ဘာပဲဖြစ်ဖြစ် “မြန်မာဟေ့ မြန်မာ” “မြန်မာ မြန်မာ ဒုန်းဒုန်းဒုန်း” “ဂိုး” စတဲ့ timing မခေါ်ရဘဲ ညှိနှိုင်းမထားရဘဲ အသံတစ်သံတည်း ထွက်လာတာ ရင်ထဲအထိ မြည်ဟိန်းလာတယ်။

ဒေသတွင်း ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကို တိုက်ခိုက်လာသော အကြမ်းဖက်မှု

မေလအစောပိုင်းမှာ အသေခံဗုံးခွဲသမားတွေက လူဆာက ကာနက်ဘုရားကျောင်းမှာ ဗုံးဖောက်ခွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းတစ်ခုလုံးကို အကြီးအကျယ် ခြိမ်းခြောက်လာတဲ့ တိုက်ခိုက်မှုအဖြစ် မီးမောင်းထိုးပြ လိုက်တာပါပဲ။ အီရတ်နဲ့ ဆီးရီးယားမှာ IS တွေရဲ့ အုပ်စိုးမှုကို အဆုံးသတ်ဖို့ နေ့စဉ်ပြုလုပ်နေတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေမှာ အာရပ်နိုင်ငံများစွာ ပါဝင်နေပါတယ်။

လမ်းပျော်ကလေးတို့ရဲ့ အနာဂတ်လမ်း

ညဦးပိုင်းအချိန် ပြည်မြို့၊ ညဈေးတန်းထိပ်တွင် လူစုလူဝေးများနှင့် တောင်းဆိုမှုတစ်ခု ဖြစ်ပွားနေသည်။ ကလေးတစ်ယောက်ကို အကြောင်းပြု၍ လူအုပ်ကြီးမှာ များပြားလျက်သာ လာတော့သည်။ လမ်းပျော်ကလေးငယ် တစ်ဦးဖြစ်သည့် လေးနှစ်အရွယ် ကလေးမလေးတစ်ဦးကို တစ်သောင်းခွဲနှင့် ရောင်းစားခဲ့သည့်အတွက် ပြစ်မှုကျူးလွန်သူများကို ရှာဖွေအရေးယူပေးရန်နှင့် ကလေးငယ်အား သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးက တာဝန်ယူပေးရန်ကို တောင်းဆိုနေသည်။ ယင်းလူအုပ်ကြီးမှာ ရဲစခန်းမှတစ်ဆင့် ခရိုင်လူမှု ၀န်ထမ်းရုံးသို့ ရောက်ရှိသွားပြီး တာဝန်ရှိသူများနှင့် စကားပြောခွင့်ရရေးနှင့် ကလေးငယ်ဘ၀ လုံခြုံရေးတို့ကို ပြောဆိုခဲ့ကြသော်လည်း ယာယီလက်ခံထားလိုက်ခြင်းကလွဲ၍ အနာဂတ်မျာ

ဖြူစင်သော နှလုံးသားပိုင်ရှင်

မကောင်းမှု ရှောင်
ကောင်းမှု ဆောင်
ဖြူအောင် စိတ်ကိုထား
ဆူဆူဗုဒ္ဓ ဟောဖော်ပြ
ဆုံးမမြတ်တရား။

ကြွက်နဲ့ လူသား

လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ သတ္တ၀ါမှန်ရင် ကိုယ့်ဘ၀အနာဂတ်အတွက် မျှော်မှန်းချက်လေး တစ်ခုတလေလောက်တော့ ထားချင်ကြတာဟာ ဓမ္မတာပါပဲ။ စိတ်ကူးယဉ်အိပ်မက်လို့ပဲ ခေါ်ခေါ်၊ အိပ်မက်ကမ္ဘာလို့ပဲ ပြောပြော၊ မျှော်မှန်းချက်လို့ပဲ ဆိုဆို၊ ခုပြောခဲ့တဲ့ ကိုယ့်ရဲ့အနာဂတ် ရည်မှန်းချက်ကို ကာယကံရှင် တော်တော်များများဟာ ခိုင်မြဲအောင် သေသေချာချာ ဆုပ်ကိုင်ထားလေ့ ရှိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်မက်ကွယ်ပျောက်သွားရင် လူဟာ အတောင်ကျိုးတဲ့ငှက်လို ဇောက်ထိုးမိုမျှော်ဖြစ်ပြီး အောက်ကို ကျွမ်းပြန်ကျသွားလေ့ ရှိကြလို့ပါပဲ။ အတောင်ကျိုးတဲ့ ငှက်တစ်ကောင်ရဲ့ ဘ၀မှာ နာလန်ထူဖို့ အတော်ကြိုးစားရမှာ ဖြစ်သလို ချက်ချင်းထပြီး အမြင့်မှာ ပျံသန်း

ရေငတ်သေတော့မယ့် ချောင်းကလေး

လမ်းသမိုင်ချောင်းကလေးဟာ ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် လမ်းသမိုင်ရွာကြီးကျေးရွာနဲ့ လမ်းသမိုင်ရွာလေး ကျေးရွာတွေရဲ့ အလယ်တည့်တည့်ကနေ ဖြန်သန်းစီးဆင်းနေပြီး ဖျာပုံခရိုင်နဲ့ ဘိုကလေးခရိုင် အတွင်းမှာရှိတဲ့ မြို့နယ်၊ ကျေးရွာတွေဆီကို အချိန်၊ ငွေတွေ အကုန်အကျ သက်သာစွာ သွားလာနိုင်တဲ့ ဖြတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အရင်တုန်းက ချောင်းကလေးဟာ ပေ ၃၀၀ ကျော် ကျယ်ဝန်းပြီး ၁၅ ပေကျော် နက်ပါတယ်။ လမ်းသမိုင်ချောင်းကလေးဟာ လမ်းသမိုင်ရွာကြီး၊ ရွာလေးကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ပြည်သူ ၅၀၀၀ ကျော်အတွက် သောက်သုံးရေ၊ စိုက်ပျိုးရေတွေ ပေးတဲ့အပြင် စီးပွားရေးလုပ်ငန်း၊ ကူးသန်းသွားလာရေး လုပ်ငန်းတွေအတွက်လည်း မရှိမဖြစ် ချောင်းက

အမေ့သား ဆယ့်ရှစ်နှစ်ပြည့်ပြီ

အမေ့သား
 
အမေ့သား ၁၈ နှစ်ပြည့်မွေးနေ့ကို ခမ်းခမ်းနားနားကျင်းပဖို့ အမေပြင်ဆင်နေတယ်။ သားဟာ မြောင်းမြမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မှာကြီးပြင်းခဲ့သူ တစ်ယောက်ဖြစ်တယ်။ ရန်ကုန်မြို့ရောက်တော့ နာမည်ကြီးကျောင်းမှာ ထားတယ်။ ၀ိုင်းကောင်းကောင်းမှာ စာသင်ပေးတယ်။ ၁၅ နှစ်ကျော်မှာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေခုနဲ့ အောင်ပြန်တယ်၊၊
 

ဝါဆိုလမြတ် ကရကဋ်ရာသီ

ဝါဆိုဝါခေါင်ရေဖောင်ဖောင် ရွာတောင် ကချောင်းရွာမြောက်ပေါင်းလေပြီ။ ရှစ်ခွင်ပတ်လုံး တိမ်သလ္လာဖုံးကာ ဂျိုးဂျိုးဂျိမ့်ဂျိမ့်နှင့် မိုးမိန့်သံပေးလျက်ရှိ၏။ (၀ါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး မိုးအေးအေး) ဟု ရှေးစာဆိုများ စာစပ်ခဲ့သည်။ မိကျောင်းမှာ ရေသတ္တ၀ါ မိကျောင်းကို ဆိုလိုခြင်းမဟုတ်။ မိကျောင်းပန်း၊ ဆူးရစ်ပန်းများကို ပြောလိုခြင်းဖြစ်၏။
 

တိုင်းပြည်ကျက်သရေ

လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှ မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများဖြစ်၍ နေကြလေသည်။
 
ဗိုလ်ချုပ်အောင်ဆန်း
 
ဒီလ ဇွန် ၁ ရက်ကစပြီး ကျောင်းတွေ ပြန်ဖွင့်တော့ ကိုယ့်ရပ်ကွက်ထဲက ကလေးလေးတွေ မနက်မနက်ဆို လုံချည်စိမ်းနဲ့ အင်္ကျီဖြူလေးတွေဝတ်ပြီး ကျောင်းသွားနေကြတာမြင်တော့ သိပ်ပြီးကျက်သရေရှိတာပဲ။
 

နိုင်ငံသားအားလုံးရဲ့  အရေး

တစ်ရက်ရုံးမှာ သန့်ရှင်းရေးဝန်ထမ်း အစ်မကြီးနဲ့ စကားပြောရင်း နိုင်ငံရေးနဲ့ ပတ်သက်လို့ စကားစပ်မိတော့ သူက “ဘယ်အစိုးရတက်တက် စိတ်မ၀င်စားပါဘူး၊ ကိုယ့်ရှိမှ ကိုယ်စားရတာလေ” တဲ့။ သူ့ဟာနဲ့သူတော့ မှန်သလိုလို ရှိပေမယ့် တစ်ခုသိစေချင်တာက တကယ်တမ်း နိုင်ငံရေးစနစ်သာ ကောင်းရင်၊ အစိုးရသာ ပြည်သူကို တကယ် မိဘလို သဘောထားရင် ထမင်းနပ်မှန်ရုံမက နေနိုင်စားနိုင်တယ် ဆိုတာပါပဲ။

လွတ်လပ်မှုကို ရှာဖွေနေတဲ့ လူငယ်

ဒီနှစ်ပိုင်းတွေမှာ သတိထားမိသလောက် ပြစ်မှုကျူးလွန်သူတွေရဲ့ အသက်အရွယ်ကို ကြည့်လိုက်ရင် ဆယ်ကျော်သက် ၁၆ နှစ်နဲ့ ၂၀ ကြား ဆယ်ကျော်သက်လူငယ်တွေ ပိုများလာတာကို တွေ့ရပါတယ်။ မှုခင်းဖြစ်စဉ်တွေကို ဖတ်ရတဲ့ အများပြည်သူကတော့ ပြစ်မှုကျူးလွန်သူတွေကို ငယ်ငယ်လေးတွေ ရှိသေးတာပဲလို့သာ တွေးမိကြပေမယ့် သေချာစဉ်းစားကြည့်ရင် မိဘ၊ ဆရာ အုပ်ထိန်းမှုနဲ့ စာသင်ခန်းမှာသာ ရှိသင့်တဲ့ လူငယ်လူရွယ်တွေဟာ အကျဉ်းထောင်ရဲ့ အုပ်ထိန်းမှုအောက် ရောက်ရှိသွားရခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ရင်မောစရာ ဖြစ်ပါတယ်။

မိုးစက်ပွင့် လိုက်ဖ်ရှိုး

“မိုး ... ပစ္စုန်ဒေ၀ါ ...တသဲသဲ ရွာဖြိုးလေသောအခါ ... မိုးလုံးချုန်းထစ် ...လျှပ်ပစ်ရှစ်တိုင်း ၀ဠာခွင်ဆိုင်းလို့သာ...သြော်...

တူညီအိပ်မက်လေးများ

ကျွန်မတို့တွေမှာ အိပ်မက်လေးတွေ ကိုယ်စီရှိကြမှာပါ။ အိပ်မက်တွေကတော့ တူချင်လည်း တူမယ်။ မတူချင်လည်း မတူဘူးပေါ့။ ဒါပေမဲ့ ကျွန်မတို့တွေ သတိမမူမိခဲ့တဲ့ ကျွန်မတို့ရဲ့ နှလုံးသားတွေ ကိုယ်စီမှာ တိတ်တဆိတ် ကိန်းအောင်းနေတဲ့ တူညီတဲ့ အိပ်မက်လေးတွေလည်း ရှိရဲ့။

ရင်းနှီးမြှုပ်နှံမှုများနှင့် မက်လုံး

မကြာမီက ပြည်တွင်းရှိ စီးပွားရေးဈေး ကွက်အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်ပစတော့အိတ်ချိန်းရဲ့ တရားဝင် ကိုယ်စားလှယ်လို့ အမည်ခံကာ ငွေကြေးများ လိမ်လည်သွားတဲ့ ဖြစ်ရပ်ဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေတဲ့ မြန်မာနိုင်ငံအတွက် ပုံသဏ္ဌာန် မမှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ရပ်များကို သတိပြုမိကြဖို့ ညွှန်းဆိုနေတဲ့ ဖြစ်ရပ်တစ်ခုပါ။

‘ကျွန်မတို့ဟာ လူမြင်ခံဖို့၊ ဆုတွေရဖို့၊ အောင်မြင်မှုတွေရဖို့ ပရဟိတ လုပ်ကြတာ မဟုတ်ဘူး။ ပိုကောင်းတဲ့ လောကအသစ်ကို၊ အနာဂတ်အသစ်ကို ကျွန်မတို့ ထားခဲ့ချင်လို့ပါ’၊ မခင်နှင်းကြည်သာနှင့် တွေ့ဆုံခြင်း

ငယ်စဉ်ကတည်းက မိဘနှစ်ပါး၏ လမ်းညွှန်ဆုံးမမှုနှင့် ပရဟိတကို စိတ်ဝင်တစား လုပ်ဆောင်ခဲ့ပြီး ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း ရှိချိန်တွင်လည်း တစ်ကိုယ်တော်အနေဖြင့် ပရဟိတ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သူ။ ပရဟိတလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် မိမိကဲ့သို့ ပရဟိတ လုပ်ဆောင်ချင်သည့် တစ်ခြားသူများနှင့် တွဲဖက်ကာ ‘တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်’ ကို တည်ထောင်ထားသူ။ သူလုပ်ဆောင်ခဲ့သည့် မွန်မြတ်သောလုပ်ရပ်များကြောင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်သူများကို ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ပေးအပ်သည့် ၂၀၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုကို ရရှိထားသူ။ တစ်ကိုယ်တော် ပရဟိတလုပ်ငန်းတွေသာမ

ပရဟိတသမားများ အလိုရှိသည်

ပရဟိတသမားလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့မျက်စိထဲ မြင်ယောင်မိတာက အများအကျိုးအတွက် ဆောင်ရွက်သူ၊ အားနည်းသူတွေဘက်က ရပ်တည်ပေးတဲ့သူ၊ ဘေးအန္တရာယ် အသွယ်သွယ် အခက်အခဲတွေကြားမှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သူတွေကို ပြေးမြင်မိမှာ ဖြစ်ပါတယ်။ ပရဟိတစိတ်ဆိုတာ လူတစ်ယောက်မှာ အနည်းနဲ့အများ ရှိကြတာ ဖြစ်ပါတယ်။

ဇွန် ၂၁ တနင်္ဂနွေ ရန်ကုန်ညနေခင်း

(၁)

မိုးရွာပြီးစအချိန် မဟာရန်ကုန်မှာ။ မိုးရေနဲ့ဆေးလို့ လမ်းတွေပြောင်သွားပြီ ထင်လား။ ပြောင်ပါတယ်။ လမ်းနံဘေးမှာတော့ အမှိုက်တွေ စုလာတယ်။ ဘုရားလမ်းပေါ်မှာ အမှိုက်တွေ တွေ့ရတယ်။ သစ်ရွက်တွေ သစ်ကိုင်းခြောက်ငယ်တွေ၊ လူတွေ ပစ်ချထားတာတွေ။ သဘာဝအမှိုက်၊ လူလုပ်တဲ့အမှိုက်။ တနင်္ဂနွေ ညနေတောင်မှ ကားတွေက ကျပ်နေဆဲ၊ ရပ်နေမြဲ။ ဘာတတ်နိုင်မှာလဲလေ။ သည်းခံခြင်းနဲ့သာ တရားမှတ်မှတ်၊ ဂါထာရွတ်ရွတ်၊ ဖုန်းပွတ်ပွတ်၊ ကြိုက်တာလုပ်။ ဆန္ဒဖော်ထုတ်မယ် ဆိုရင်တော့ စဉ်းစား။
 

(၂)

နားလည်မှု

(၁)

မကြာသေးမီက ကျင်းပပြီးစီးသွားသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မြန်မာတို့ အရူးအမူး အားပေးခဲ့ကြသည့် အားကစားနည်းက ဘောလုံးဖြစ်သည်။ ဘောလုံးပွဲတစ်ပွဲကို အနိုင်ရဖို့အရေး၌ အကြောင်းတရားများစွာ ရှိနေခဲ့ပါ၏။ များလှစွာသော အကြောင်းတရားတို့တွင် “အချင်းချင်းနားလည်မှု” သည်လည်း တစ်ခုအပါအ၀င်ဖြစ်၏ဟု မိမိက နားလည်ထားပါသည်။

(၂)

ဂုဏ်ယူချင်ကြမှာပါ

ကျွန်တော်တို့သည် ဂုဏ်ယူချင်ကြပါသည်။ ဂုဏ်ရှိချင်ကြပါသည်။

ဂုဏ်ရှိတာကောင်းသည်။ ဂုဏ်မရှိတာ မကောင်းဟု ထင်မြင်ကြသည်။ ‘ဂုဏ်’ ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်နှင့် ဆီလျော်ချင် လျော် မလျော်ချင်နေ ဂုဏ်အမျိုးမျိုးရှိသည်ဟု သုံးနှုန်းနေကြပါသည်။

‘ဂုဏ်..ဂုဏ်..ဂုဏ်၊ ဂုဏ်ဆိုတာငွေကို ခေါ်တယ်’

မင်းကိုနိုင်ဆုနှင့် ဟံသာဝတီဦးဝင်းတင်ဆုရ ကျွဲကျောင်းသားလေးဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာမိုင်းအိုက်နွေ (တအာန်းချစ်သူ) နှင့် တွေ့ဆုံခြင်း


တတိယအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါရုပ်ရှင်ပွဲတော်တွင် ပြည်တွင်းမှပေးပို့ယှဉ်ပြိုင်ခဲ့သည့် ဇာတ်ကားများအနက် မင်းကိုနိုင်ဆုနှင့် ဟံသာဝတီဦးဝင်းတင်ဆုများ ရရှိခဲ့သည့် ကျွဲကျောင်းသားလေးဇာတ်ကား၏ ဖန်တီးသူ ဒါရိုက်တာမိုင်းအိုက်နွေ(တအာန်းချစ်သူ)နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ တအာန်းဒေသရှိ မူးယစ်ဆေးသုံးစွဲမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုပြဿနာများအကြောင်းကို ပုံဖော်ထားမှုနှင့် ပတ်သက်၍ မေးမြန်းဖြစ်ခဲ့ရာ...
 
 

ငြိမ်းချမ်းစ နယ်မြေ (သို့မဟုတ်) ကရင်တို့ရဲ့ လော်ခီးလာ

သာယာလှပသော နယ်မြေဟု မြန်မာမှုပြုနိုင်သည့်နေရာ . . .
 
သောင်ရင်းမြစ်ကြီးရဲ့ ဘေးနားဆီမှာ ထီးတည်းကြီးရှိနေသော တောင်များ မြင်တွေ့ရနိုင်သလို မျိုးစုံသော သစ်ပင်များဆီမှ လာသော ရနံ့ကိုလည်း ရနိုင်ပြီး ပုရစ်၊ ပုစဉ်း စတဲ့ ပိုးကောင်ငယ်လေးများ၏ အသံပေါင်းစုံက 

Pages