တိုက်ဂါးဝုဒ် မူးယစ်ဆေးဝါး ငါးမျိုးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ

တိုက်ဂါးဝုဒ် မူးယစ်ဆေးဝါး ငါးမျိုးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ
Published 16 August 2017

 

ပြီးခဲ့သည့် မေ(၂၉)ရက်က တိုက်ဂါးဝုဒ် ဖမ်းဆီးခံခဲ့ရစဉ် (Photo: Reuters)

အမေရိကန်နာမည်ကြီး ဂေါ့ဖ်ကစားသမား တိုက်ဂါးဝုဒ်သည် ပြီးခဲ့သည့်မေလက ယာဉ်စည်းကမ်းချိုးဖောက်မှုကြောင့် ဖမ်းဆီးခံခဲ့ရသည့်အချိန်တွင် မူးယစ်ဆေးဝါး ငါးမျိုးအထိ သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သြဂုတ် ၁၄ ရက်က တရားဝင် ထုတ်ပြန်သည့် ဆေးမှတ်တမ်းတွင် ဖော်ပြပါရှိခဲ့ကြောင်း သိရသည်။

ဆီးစစ်မှုအရ တိုက်ဂါးဝုဒ်မှာ ယင်းအချိန်က စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ဆေးခြောက်အနွယ်ဝင် ဓာတုဗေဒဆေးဝါးများကို သုံးစွဲထားခြင်းလည်း ဖြစ်သည်။

၄၁ နှစ်အရွယ်ရှိပြီဖြစ်သူ ၎င်းအနေဖြင့် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုခံခဲ့ရပြီးနောက် စိတ်ပညာရှင်များထံမှ ကုထုံးအကူအညီများလည်း ရယူခဲ့ရသည်။ ပြီးခဲ့သည့်အပတ်က လည်း ၎င်းက ယာဉ်စည်းကမ်းဖောက်ဖျက် မှုစွဲချက်များအတွက် အပြစ်မရှိကြောင်း အသနားခံစာတင်သွင်းခဲ့သည်။

တိုက်ဂါးဝုဒ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ပိုင်းကတည်းက ကျောဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲဝင်နိုင်ခြင်းမရှိဘဲ အနားယူနေရလျက် ရှိသည်။ ထို့ပြင် ဆုဖလားအောင်မြင်မှုမှာလည်း ၂၀၁၃ ခုနှစ်ကတည်းက မည်သည့်ပြိုင်ပွဲတွင်မျှ ဗိုလ်စွဲနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent