နိုင်ငံရေး သတင်းများ

မြန်မာနယ်စပ်တွင် တရုတ်တပ်မတော်က ညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့ကြောင်း တရုတ် South China Morning Post သတင်းစာက မတ် ၂၆ ရက်တွင်ဖော်ပြခဲ့သည်။
    
အဆိုပါညတိုက်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်မှုကို မတ် ၂၄ ရက်ကပြုလုပ်ခဲ့ကြောင်းနှင့် ညပိုင်းတွင် တပ်ဖွဲ့များ စစ်ရေးအသင့်ရှိမှုကို စမ်းသပ်စစ်ဆေးရန်အတွက်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
    

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတပြောကြားဟု RFA သတင်းဌာနဖော်ပြ

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ဖို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားကြောင်း လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာန၏ မတ် ၂၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။
    
လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာန၏ ပုံမှန်ကဏ္ဍတစ်ခုဖြစ်သည့် "ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်အတွက်မေးမြန်းရာတွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ထူးခြားမှုအခြေအနေအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ဖြေကြားချက်ကို ကိုးကား၍ "ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ဖို့ သမ္မတပြောကြား" သတင်းခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။
    

ကျောင်းသားများ တောင်းဆိုသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ သမဂ္ဂဖွဲ့စည်းရေးများ ပါဝင်သည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

ကျောင်းသားများ တောင်းဆိုထားသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ပါဝင်သည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား မတ် ၂၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တ်ာတွင် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ကျောင်းသားများ သဘောတူညီခဲ့သည့် အချက်များအပေါ် မူတည်၍ ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်တွင် အခြေခံပြီး အမျိုးသားလွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ခြင်း ဖြစ်သည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့များ ပြန်လည်တွေ့ဆုံညှိနှိုင်းရန် စဉ်းစားထားဟု ကေအိုင်အိုကိုယ်စားလှယ် ပြောကြား

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အကြား တိုက်ပွဲများ၊ ပဋိပက္ခများ လျှော့ချရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့များ ပြန်လည်တွေ့ဆုံညှိနှိုင်းရန် စဉ်းစားထားသည်ဟု KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးဇော်တောင်က ပြောကြားသည်။

တိုးမြှင့်သတ်မှတ်မည့် ၀န်ထမ်းလစာ နှုန်းထားများနှင့် ပတ်သက်၍ ယနေ့ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစိုးရအဖွဲ့ လာရောက်ရှင်းလင်းမည်

တိုးမြှင့်သတ်မှတ်မည့် ၀န်ထမ်းလစာ နှုန်းထားများနှင့် ပတ်သက်၍ ယနေ့ (မတ် ၂၆) ရက် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစိုးရအဖွဲ့က လာရောက်ရှင်းလင်းမည်ဟု ပြည်ထောင်စုလွှတ်တော်ရုံးမှ သိရသည်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက အမျိုးသားလွှတ်တော်၌ ဆက်လက်ဆွေးနွေး

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် မတ် ၂၅ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေး၌ တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အင်န်ဒီအက်ဖ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့ ဆွေးနွေးခဲ့ကြသည်။

မန်စီမြို့နယ်အတွင်း တပ်မတော်မှ လေယာဉ်ဖြင့် ကေအိုင်အေ တပ်နယ်မြေကို ဆက်လက်တိုက်ခိုက်

ကချင်ပြည်နယ်အတွင်း မန်စီမြို့နယ်အတွင်း တပ်မတော်မှ လေယာဉ်ဖြင့် ကေအိုင်အေတပ်နယ်မြေကို မတ် ၂၄ ရက် မွန်းလွဲပိုင်းက ဆက်လက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ 
 

တရားမျှတမှုမရှိသည့် မန္တလေးခရိုင်တရားသူကြီးအား အလိုမရှိကြောင်း အမှုရင်ဆိုင်နေရသူများက ခရိုင်တရားရုံးအနီးတွင် ဆန္ဒပြ

တရားမျှတမှုမရှိသည့် မန္တလေးခရိုင် တရားသူကြီးအား အလိုမရှိကြောင်း အမှုရင်ဆိုင်နေရသူခြောက်ဦးက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ခရိုင်တရားရုံးအနီးတွင် မတ် ၂၄ ရက် နံနက် ၁ဝ နာရီခွဲခန့်က တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
 

ယခင်အစိုးရလက်ထက် ဖမ်းဆီးခံရသူများနှင့် ထောင်တွင်းကွယ်လွန်သွားသူ ၁၀၀ ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို လူ့အခွင့်အရေးစုံစမ်းဖော်ထုတ်ရေးကော်မတီက မှတ်တမ်းတင်ခြင်းလုပ်ငန်း စတင်

၁၉၈၈ ခုနှစ်နောက်ပိုင်း ယခင်အစိုးရလက်ထက်အတွင်း ဖမ်းဆီးခံရသူများ၊ ထောင်တွင်းကွယ်လွန်သွားသူ ၁၀၀ ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား နိုင်ငံရေးအင်အားစုများပါဝင်ဖွဲ့စည်းထားသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီက မတ် ၂၄ ရက်မှစတင်ကာ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
    

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်းကို ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲတွင် အပြီးသတ်နိုင်ရန်ကြိုးစားမည်ဟု လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် NCCT ပြောကြား

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စဲရေးဆောင်ရွက်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ကို မတ် ၃၀ ရက်တွင် ပြန်လည်ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ခုနစ်ကြိမ်မြောက် အပစ်ရပ်စဲရေးဆွေးနွေးပွဲတွင် အပြီးသတ်သဘောတူညီမှုရရှိအောင်ကြိုးစားမည်ဟု မတ် ၂၄ ရက်က ရန်ကုန်မြို့ GreenHill ဟိုတယ်၌ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် NCCT  ကိုယ်စားလှယ်များက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
    

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်နေသူများအား နိုင်ငံ့ဘဏ္ဍာငွေမှ သင့်တင့်သည့်စရိတ်ချီးမြှင့်ငွေရရှိရေးအတွက် သက်ဆိုင်ရာဥပဒေများ၌ ပြင်ဆင်၊ ဖြည့်စွက်၊ ပြဋ္ဌာန်းပေးရန် လွှတ်တော်ဆုံးဖြတ်

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်နေသူများအား နိုင်ငံတော်၏ဘဏ္ဍာငွေမှ သင့်တင့်သည့် စရိတ်ချီးမြှင့်ငွေခံစားရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများ၌ ပြင်ဆင်၊ ဖြည့်စွက်၊ ပြဋ္ဌာန်းပေးရန် ပြည်သူ့လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြီးစလွယ်မလုပ်စေချင်ကြောင်းနှင့် မှားပါက ၀န်ခံရန် ပြည်ထောင်စုလွှတ်တော်နာယကပြောကြား

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြီးစလွယ်မလုပ်ကြရန်နှင့် မှားပါက ပြင်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသည်။

မတ် ၂၄ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် နိုင်ငံရေးပါတီခြောက်ခုမှ လွှတ်တော်ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေး

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနှစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်တစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီမှတစ်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှတစ်ဦး၊ ချင်းတိုးတက်ရေးပါတီမှတစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှနှစ်ဦးတို့ ဆွေးနွေးခဲ့ကြသည်။
    
အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအပေါ် မတ် ၂၄ ရက်က လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ဆွေးနွေးခဲ့သည်။ ဆွေးနွေးခဲ့သည့်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီတို့အား ချက်ချင်းကြားနာရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားသည်။
    

လက်ပံတန်းမြို့၌ ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲခံရမှုအပေါ် အစိုးရသတင်းစာများတွင်ဖော်ပြမှုမှာ ဖြစ်စဉ်အမှန်နှင့် ကွဲလွဲနေကြောင်း လွတ်မြောက်လာသော ကျောင်းသားကျောင်းသူများနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများပြောကြား

လက်ပံတန်းမြို့၌ မတ် ၁၀ ရက်ကဖြစ်ပွားခဲ့သော ပင်မကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှုအပေါ် အစိုးရပိုင်သတင်းစာများဖြစ်သော မတ် ၂၃ ရက်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းနေ့စဉ်ထုတ်သတင်းစာပါဖော်ပြမှုများသည် သာယာဝတီအကျဉ်းထောင်မှလွတ်မြောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတို့၏ ဖြစ်ရပ်များနှင့် ကွဲလွဲလျက်ရှိကြောင်း သိရသည်။

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအပြီး ဖမ်းဆီးခံရသည့် ဒေသခံ ၂၀ အား ပြန်လွှတ်ပေး

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ အမျိုးသားပညာရေးသပိတ်မှောက်ကျောင်းသား ကျောင်းသူများအား အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးရာတွင် ဖမ်းဆီးခံရသည့် ဒေသခံ ၂၀ ဦးအား ဖမ်းဆီးချုပ်နှောင်ထားသည့် သာယာဝတီအကျဉ်းထောင်မှ မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် သာဝယာဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတစ်ဆင့် ကိုယ်တိုင်ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ NCCT နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ယနေ့တွေ့ဆုံ ဆွေးနွေးမည်

လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)မှ ခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် မတ် ၂၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ Green Hill ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အရပ်ဘက်အဖွဲ့အစည်းများမှာ ယခုတစ်ကြိမ်သည် လေးကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ၂ဝ၁၄ စက်တင်ဘာက နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်စီမြို့နယ်အတွင်း တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုမှာ သစ်မှောင်ခိုယာဉ်များကို ဖမ်းဆီးရန်ဟုဆိုပြီး တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဆက်လက် မကျယ်ပြန့်ရေး ညှိနှိုင်းနေ

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) တို့အကြား ကချင်ပြည်နယ် မန်စီမြို့နယ် ကိုင်ထိတ်ကျေးရွာ ၀န်းကျင်တွင် မတ် ၂၁ ရက်က စတင်ပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ တိုက်ပွဲဆက်လက် မကျယ်ပြန့်ရေး ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ လေးနှစ်အတွင်း ဒေါ်လာ ၁၇ ဒသမ ၅ဘီလျံရှိပြီး လျှပ်စစ်နှင့် စက်မှုလက်မှု ကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံကြောင်း စီးပွားကူးသန်းဝန်ကြီး ပြောကြား

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ လေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံရှိပြီး လျှပ်စစ်နှင့် စက်မှုလက်မှု ကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ဝန်ကြီးဦးဝင်းမြင့်က နေပြည်တော်တွင် မတ် ၂၃ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ အဆိုနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုးမြှင့်သတ်မှတ်မည့် ၀န်ထမ်းလစာ နှုန်းထားများအား မတ် ၂၅ ရက်ပြုလုပ်မည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး၌ အတည်ပြုပြီးမှသာ လွှတ်တော်သို့ ပေးပို့မည်ဟု သမ္မတ အကြောင်းပြန်

တိုးမြှင့်သတ်မှတ်မည့် ၀န်ထမ်းလစာ နှုန်းထားများအား မတ် ၂၅ ရက် ပြုလုပ်မည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုပြီးမှသာ လွှတ်တော်သို့ပေးပို့မည်ဟု နိုင်ငံတော်သမ္မတက လွှတ်တော်သို့ အကြောင်းပြန်ခဲ့သည်။

ထိုသို့ နိုင်ငံတော်သမ္မတက လွှတ်တော်သို့ အကြောင်းပြန်ထားကြောင်း မတ် ၂၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။

ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ သမ္မတ၏ပြောကြားချက် ကွဲလွဲမှုများရှိနေ

ပုဒ်မ ၅၉ (စ) နှင့်ပတ်သက်၍ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှစ၍ ထည့်သွင်းခဲ့သည်ဟူသော မတ် ၂၀ ရက်က BBC တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတဦးသိန်းစိန်၏ ပြောကြားမှုသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ကွဲလွဲမှုရှိနေကြောင်း ဥပဒေပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့၏ လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် စတင်ချိန်မှ လက်ရှိအချိန်အထိ တပ်မတော်ဘက်မှ အရာရှိစစ်သည် ၁၀၀ ကျော် ကျဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသတွင် အခြေပြု လှုပ်ရှားနိုင်ရေး ရည်ရွယ်ကာ ဝင်ရောက်အခြေပြု လှုပ်ရှားနိုင်ရေး ရည်ရွယ်ဆောင်ရွက်နေသည့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့ (MNDAA) နှင့် အစိုးရတပ်မတော်တို့သည် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင် တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ တပ်မတော်ဘက်မှ အရာရှိစစ်သည် စုစုပေါင်း ၁ဝဝ ကျော် ကျဆုံးခဲ့ပြီး ၂၅ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ချင်းနိုင်ငံရေးပါတီများ ပူးတွဲထုတ်ပြန်

၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ချင်းနိုင်ငံရေး ပါတီများက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။

ချင်းမိသားစု နိုင်ငံရေးပါတီများအကြား အချင်းချင်းရင်းနှီးမှု တည်ဆောက်ရန်နှင့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးတွင် အချင်းချင်း ချိတ်ဆက်မှုရှိရှိဖြင့် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ချင်းနိုင်ငံရေးပါတီ ကိုးခုမှ တာဝန်ရှိသူများသည် မတ် ၂၀ နှင့် ၂၁ ရက်တို့တွင် ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အစိုးရဘတ်ဂျက်တောင်းခံငွေအပေါ် လွှတ်တော်မှ ဖြတ်တောက်မှုသည် စုစုပေါင်းတောင်းခံငွေ၏ တစ်ရာခိုင်နှုန်းပင် ရှိမည်မဟုတ်ကြောင်း လွှတ်တော်စီမံကိန်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြောကြား

အစိုးရဘတ်ဂျက်တောင်းခံငွေအပေါ် လွှတ်တော်မှ ဖြတ်တောက်မှုသည် စုစုပေါင်းတောင်းခံငွေ၏ တစ်ရာခိုင်နှုန်းပင် ရှိမည်မဟုတ်ကြောင်း အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဥပဒေကြမ်းများစိစစ်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးစိုးသာက လွှတ်တော်၌ ဆွေးနွေးပြောကြားခဲ့သည်။
 

UPWC နှင့် NCCT တို့၏ ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် (မူကြမ်း) အား အပြီးသတ်သဘောတူညီမှုရရှိရန် မသေချာ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ ခုနစ်ကြိမ်မြောက် အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ မတ် ၁၇ ရက်မှ စတင်ပြုလုပ်ခဲ့ရာ မတ် ၂ဝ ရက်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ လေးရက်မြောက်နေ့ ပြီးဆုံးသည်အထိ အပစ်ရပ်မူကြမ်းပါ အချက်အားလုံး နှစ်ဖက် သဘောတူညီမှု မရရှိသေးဘဲ ဆက်လက် ညှိနှိုင်းနေဆဲဖြစ်သည်။ 
 

Pages