နိုင်ငံရေး သတင်းများ

တနင်္သာရီတိုင်းဒေသကြီးတွင် မဲစာရင်းမှားယွင်းမှု ပြန်လည်လျှောက်ထားရန် ရက်အကန့်အသတ်မရှိ ခွင့်ပြုထားသော်လည်း မဲစာရင်းအပေါ် လူထုစိတ်ဝင်စားမှုနည်းပါး

တနင်္သာရီတိုင်းဒေသကြီးတွင် မဲစာရင်းမှားယွင်းမှု ပြန်လည်လျှောက်ထားရန်အတွက် ရက်အကန့်အသတ်မရှိ ခွင့်ပြုထားသော်လည်း မြိတ်မြို့နယ်တွင် မဲစာရင်းအပေါ် ပြည်သူလူထု စိတ်ဝင်စားမှုနည်းပါးနေကြောင်း ခရိုင်ကော်မရှင်အရာရှိ ဦလှိုင်ဘွားကပြောကြားသည်။
    
မြိတ်ခရိုင်အတွင်း မဲဆန္ဒစာရင်းကြေညာမှုကို ပြီးခဲ့သည့် ဇွန် ၈ ရက်မှ ၂၁ ရက်အထိ ၁၄ ရက်ကြာကြေညာပေးခဲ့ပြီး အချက်အလက်မှားယွင်းမှု အများဆုံးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
    

မြ၀တီ အာရှလမ်းသစ်တစ်တန်ကူးဂိတ်အနီးတွင် တပ်မတော်နှင့် DKBA ပစ်ခတ်မှုဖြစ်ပွား

မြ၀တီဒေါနတောင်ပတ်လမ်း အာရှလမ်းသစ်တစ်တန်ကူး(နားမကြားဂိတ်) ဂိတ်အနီးတွင် တပ်မတော်နှင့် DKBA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ သုံးဦးဒဏ်ရာရပြီး DKBA ဘက်မှ နှစ်ဦးဒဏ်ရာရရှိကြောင်း သိရပြီး မြ၀တီနယ်စပ်သို့သွားမည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များသွားလာခြင်းကို တားမြစ်ထားကြောင်းလည်း သိရသည်။

"ကားလမ်းဟောင်းတော့ဖွင့်ထားပါတယ်။ လမ်းသစ်တော့ပေးမသွားပါဘူး။ ပစ်ခတ်မှုဖြစ်နေတော့ အန္တရာယ်များတာပေါ့။ တည်ငြိမ်စပြုနေတဲ့အခြေအနေမှာ အခုလိုပြန်ဖြစ်လာတော့ ဒေသခံတွေ စီးပွားရေးလာလုပ်စားသူတွေအတွက် လုံးဝမကောင်းပါဘူး" ဟု မော်လမြိုင်-ကော့ကရိတ် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းကို စိတ်ဝင်စားသူနည်းပါးပြီး စာရင်းမှားများမှုအပေါ် လာရောက်ပြုပြင်မှုလည်း မရှိသလောက်ဖြစ်နေသဖြင့် ရခိုင်အမျိုးသားပါတီက မဲစာရင်းတောင်းယူဖြန့်ဝေမည်

ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒရှင်များစာရင်းကို ထုတ်ပြန်ခဲ့သော်လည်း စိတ်ဝင်စားသူနည်းပါးနေပြီး စာရင်းမှားများအပေါ် လာရောက်ပြုပြင်မှုလည်း မရှိသလောက်ရှားပါးနေသဖြင့် မဲစာရင်းများကို ရခိုင်အမျိုးသားပါတီမှတောင်းယူကာ ပြည်သူများသို့ ဖြန့်ဝေမည်ကြောင်း သိရသည်။

ရပ်ကွက်ကျေးရွာများအလိုက် အခြေခံမဲဆန္ဒရှင်များစာရင်းကို  ဇွန် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း မဲဆန္ဒရှင်စာရင်းအမှားများအပေါ် ဒေသခံများ စိတ်ဝင်စားမှုနည်းပါးခြင်းသည် မဲပေးခွင့်အပေါ် အာရုံစိုက်မှုနည်းပါးခြင်းကို ပြသနေခြင်းဖြစ်ကြောင်း ဒေသခံများကသုံးသပ်ကြသည်။

ကျိုက်ထိုမြို့နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်း ရာခိုင်နှုန်း ၅၀ ကျော် မှားယွင်းနေဟုဆို

မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ်အတွင်း ဇွန် ၈ ရက်မှစတင်ကြေညာခဲ့သော အခြေခံမဲဆန္ဒရှင်စာရင်းများတွင် ရာခိုင်နှုန်း ၅၀ ကျော်မှားယွင်းနေကြောင်း ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌဒေါက်တာအေးဇံက ပြောကြားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များသတ်မှတ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒနယ်သတ်မှတ်မှုများကို ဇူလိုင် ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းဖော်ပြချက်အရ သိရသည်။

ပြည်ထောင်စု တရားသူကြီးချုပ် ခန့်ထားရာတွင် အုပ်ချုပ်ရေးအာဏာ၏ အဆုံးအဖြတ်ဖြင့် ခန့်ထားခြင်း မဖြစ်သင့်ကြောင်းနှင့် လက်ရှိတွင်လည်း တရားရေးအသွင်ဖြင့် ဆုံးဖြတ်ရမည့်အစား အုပ်ချုပ်ရေးပိုင်း၏ အလိုအတိုင်း ဆုံးဖြတ်နေသည်ကို တွေ့နေရဆဲဖြစ်ကြောင်း...

ပြည်ထောင်စု တရားသူကြီးချုပ် ခန့်ထားရာတွင် အုပ်ချုပ်ရေးအာဏာ၏ အဆုံးအဖြတ်ဖြင့် ခန့်ထားခြင်း မဖြစ်သင့်ကြောင်းနှင့် လက်ရှိတွင်လည်း တရားရေးအသွင်ဖြင့် ဆုံးဖြတ်ရမည့်အစား အုပ်ချုပ်ရေးပိုင်း၏ အလိုအတိုင်း ဆုံးဖြတ်နေသည်ကို တွေ့နေရဆဲဖြစ်ကြောင်း ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် မူလအတိုင်း ရပ်ခံငြင်းဆိုနေခြင်းသည် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ဘဲ စစ်ပွဲများပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း NLD ကိုယ်စားလှယ် ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၌ မူလအတိုင်း ရပ်ခံငြင်းဆိုနေခြင်းသည် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ဘဲ စစ်ပွဲများပြန်ဖြစ်မည်ကို စိုးရိမ်မိကြောင်း NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆွေးနွေးပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင် ၂ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂  ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေ  မူကြမ်း ပုဒ်မ  ၄၃၆၊ ပုဒ်မခွဲ(ခ)နှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက အထက်ပါကဲ့သို့ ဆွေးနွေးပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ သက်တမ်းအား အသက် ၇၀ ပြည့်သည်အထိ မူလအတိုင်းသာ ထားရှိရန်နှင့် ပြည်တွင်းပဋိပက္ခများ ရှိနေခြင်းကြောင့် ပုဒ်မ ၃၁၂၊ ပုဒ်မ ၃၂၁၊ ပုဒ်မ ၃၃၃ တို့ကို ပြင်ဆင်ရန် မသင့်ကြောင်း တပ်မတော်သား..

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ သက်တမ်းအား အသက် ၇၀ ပြည့်သည်အထိ မူလအတိုင်းသာ ထားရှိရန်နှင့် ပြည်တွင်းပဋိပက္ခများ ရှိနေခြင်းကြောင့် ပုဒ်မ ၃၁၂၊ ပုဒ်မ ၃၂၁၊ ပုဒ်မ ၃၃၃ တို့ကို ပြင်ဆင်ရန် မသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ သက်တမ်းအား အသက် ၇၀ ပြည့်သည်အထိ မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ခင်ဇော်က ဇူလိုင်  ၁ ရက် ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ပြင်ဆင်ဖြည့်စွက်မှုများကြောင့် ရပ်တန့်နေသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး များစွာကြိုးစားရမည်ဟု KNU မှ ပဒိုမန်းငြိမ်းမောင် ပြောကြား

ကရင်ပြည်နယ် လော်ခီးလာဒေသတွင် ဇွန် ၂ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်က အတည်ပြုထားသည့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ရပ်တန့်နေသည့် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် များစွာကြိုးစားရမည်ဟု ကရင်အမျိုးသား အစည်းအရ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များ

၃၀-၆-၂၀၁၅ နေ့နှင့် ၁-၇-၂၀၁၅ နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်များအား ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။

■ လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် (၀က်လက်မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)

ဖွဲ့စည်းပုံပြင်ဆင်ရေးအား ကျဉ်းထဲကျပ်ထဲရောက်မှ မပြင်ဆင်ပေးပါက မဖြစ်တော့သည့် အခြေအနေရောက်မှ ပြင်ဆင်ပေးခြင်းထက် ပြင်ဆင်ပေးသင့်သည့် အချိန်တွင် အချိန်ကိုက် ပြင်ဆင်ပေးခြင်းသည် အကျိုးရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဆွေးနွေး

ဖွဲ့စည်းပုံပြင်ဆင်ရေးအား ကျဉ်းထဲကျပ်ထဲရောက်မှ မပြင်ဆင်ပေးပါက မဖြစ်တော့သည့် အခြေအနေရောက်မှ ပြင်ဆင်ပေးခြင်းထက် ပြင်ဆင်ပေးသည့် အချိန်တွင် အချိန်ကိုက် ပြင်ဆင်ပေးခြင်းသည် အကျိုးရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးစံပြည့်က ဇူလိုင် ၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည်။

လွှတ်တော်ကိုယ်စားလှယ်အား ဖြုတ်ချနိုင်သည့် အခွင့်အာဏာကို ပြည်သူကို ပေးအပ်ထားရန် လိုအပ်ကြောင်းနှင့် တစ်ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၂၀ ပြင်ဆင်ရန် NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

လွှတ်တော်ကိုယ်စားလှယ်အား ဖြုတ်ချနိုင်သည့် အခွင့်အာဏာကို ပြည်သူသို့ ပေးအပ်ထားရန် လိုအပ်ကြောင်းနှင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၂၀ အဖြစ် ပြင်ဆင်ရန် NLD လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးသည်။

နေပြည်တော်တွင် ဇူလိုင် ၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရာတွင် NLD ကိုယ်စားလှယ်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်ခြင်းသည် ဥပဒေပြုရေးမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှမ်းမိုးသည့်သဘော သက်ရောက်၍ မူလပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန်မသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်ခြင်းသည် ဥပဒေပြုရေး မဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှမ်းမိုးသည့်သဘော သက်ရောက်သည့်အတွက် မူလပြဋ္ဌာန်းချက်အား ပြင်ဆင်ရန်မသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ကျော်က ဆွေးနွေးပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (ဃ) ပြင်ဆင်နိုင်ရန် ပြုလုပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ပူးတွဲပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အဆိုပြုမည်ဟု သူရဦးရွှေမန်း ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(ဃ) ပြင်ဆင်နိုင်ရန်အတွက် ပြုလုပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ရွေးကောက်ပွဲပြုလုပ်ချိန်တွင် ပူးတွဲပြုလုပ်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ အဆိုပြုမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။

အစိုးရတပ်မတော်နှင့် “၀” တပ်ဖွဲ့တို့အကြား အပစ်ရပ်စဲရေး ဆက်လက်ခိုင်မာမှုရှိစေရန် ညှိနှိုင်းဆွေးနွေးမှုနှင့် ပြဿနာကိုဖြေရှင်းရမည်ဟု “၀”အဖွဲ့ ဗဟိုရုံးအတွင်းရေးမှူး ပြောကြား

အစိုးရတပ်မတော်နှင့် “၀” ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSP/ UWSA)တို့အကြား အပစ်ရပ်စဲရေး ဆက်လက်ခိုင်မာမှုရှိစေရန် ညှိနှိုင်းဆွေးနွေးမှုနှင့် ပြဿနာကို ဖြေရှင်းရမည်ဟု “၀”အဖွဲ့ ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။
 

ဒုတိယသမ္မတတစ်ဦးသာ ထားရှိသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ဒုတိယသမ္မတတစ်ဦးသာ ထားရှိသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။
 
အခြေခံဥပဒေပုဒ်မ ၆၂ နှင့် ၆၃ တွင် ပါရှိသည့် ပြဋ္ဌာန်းချက်များအနက် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများဟူသော စကားရပ်ကို ပယ်ဖျက်ရန် နိုင်ငံတော်တွင် ဒုတိယသမ္မတနှစ်ဦးအစား တစ်ဦးတည်းသာ ထားရှိရန် ပါတီအနေဖြင့်အကြံပြုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာသန်းဝင်းက ပြောကြားသည်။
 

တရားစီရင်ရေးစနစ်ကို ဂျူရီစနစ်သို့ ပြောင်းလဲကျင့်သုံးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

တရားစီရင်ရေးစနစ်ကို ဂျူရီစနစ်သို့ ပြောင်းလဲကျင့်သုံးသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဆွေးနွေးပြောကြားသည်။ 
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နှင့်စပ်လျဉ်း၍ ဇွန် ၃၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးဆွေးနွေးမှုများပြုလုပ်ရာ၌ ဒေါ်နန်းဝါနုက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
 

ရေဘေးသင့်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အရေးကြီးအဆို ပြည်ထောင်စုလွှတ်တော်၌တင်သွင်း

ရေဘေးသင့်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဇွန် ၃၀ ရက်၌ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက တင်သွင်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ကို မပြင်ဆင်ဘဲ မူလအတိုင်းထားရန်၊ လွှတ်တော်ကော်မတီများကို ပြည်ထောင်စုအဆင့် မသတ်မှတ်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ကို မပြင်ဆင်ဘဲ မူလအတိုင်းထားရန်နှင့် လွှတ်တော်မှ ကော်မတီများကို ပြည်ထောင်စုအဆင့် မသတ်မှတ်ရန် တပ်တော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးခဲ့သည်။
 
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)နှင့် စပ်လျဉ်း၍ ဇွန် ၃၀ ရက်ကပြုလုပ်သောပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမှုများ ပြုလုပ်ရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ထိုသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
 

ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းအား ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော် အတည်ပြု

ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းအား ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ နေပြည်တော်တွင် ဇွန် ၂၉ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တစ်ပုဒ်ချင်းစီအလိုက် ဆွေးနွေး အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် ၁၈၄ ခုကို တင်သွင်းခဲ့ပြီး ယင်းအချက်များကို လွှတ်တော်က အတည်ပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (ခ) နှင့် ပတ်သက်၍ ယနေ့စတင် ဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) နှင့် ပတ်သက်၍ ဇွန် ၃၀ ရက် (ယနေ့) တွင် စတင်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပုဒ်မ ၄၃၆ (ခ) နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၆၃ ဦးက ဆွေးနွေးမည်ဖြစ်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၈ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၈ ဦး၊ တပ်မတော်မှ ၁၂ ဦး၊ အခြားပါတီများနှင့် တစ်သီးပုဂ္ဂလ ၁၅ ဦး ဆွေးနွေးမည်ဟု သိရသည်။ မူလက ဆွေးနွေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ၁၁၂ ဦး အမည်စာရင်း ပေးသွင်းထားကြောင်း သိရသည်။

Pages