ကွန်တီကို ချယ်လ်ဆီး ပေါင်သန်း(၁၂၀) အသုံးပြုခွင့်ပေးမည်

ကွန်တီကို ချယ်လ်ဆီး ပေါင်သန်း(၁၂၀) အသုံးပြုခွင့်ပေးမည်
Published 17 August 2017

 

ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြ ကွန်တီအား အပြောင်းအရွှေ့ သုံးစွဲငွေအဖြစ် နောက်ထပ်ပေါင် သန်း(၁၂၀) အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၁)တွင် ဘန်လေအသင်းအား ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် ကွန်တီနှင့် ချယ်လ်ဆီးအသင်း ထိပ်တန်းတာဝန်ရှိသူများသည် (၆)နာရီကြာ ခန့်တွေ့ဆုံခဲ့ပြီး ကစားသမားသစ်ခေါ်ယူမှုများအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်း ပိုင်ရှင် အေဘရာမိုဗစ်ချ်သည် ကွန်တီအား ကစားသမား သစ်ခေါ်ယူမှုများအတွက် ငွေကြေးသုံးစွဲခွင့်ပေးရန် အသင်းတာဝန်ရှိသူများထံ ညွှန်ကြားခဲ့ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် နွေရာသီကာလအတွင်း အဓိက ကစားသမားအဖြစ် မိုရာတာ (ပေါင် ၅၈ သန်း)၊ ဘာကာယိုကို (ပေါင် သန်း ၄၀)၊ ရူဒီဂါ (ပေါင် ၂၉ သန်း)တို့ (၃)ဦးကိုသာ ခေါ်ယူထားသည်။

Photo: Mirror

ကွန်တီ ပစ်မှတ်ထားနေသည့် ကစားသမားများမှာ လက်စတာ ကွင်းလယ်လူ ဒရင့်ဝါတာ၊ အာဆင်နယ် တောင်ပံကစားသမား ချိန်ဘာလိန်၊ ဆောက်သမ်တန် နောက်ခံလူ ဗန်ဒိုက်တို့ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent