အီဘရာဟီမိုဗစ်ကို နည်းပြအဖွဲ့ဝင်အဖြစ် မန်ယူ ကမ်းလှမ်းထား

အီဘရာဟီမိုဗစ်ကို နည်းပြအဖွဲ့ဝင်အဖြစ် မန်ယူ ကမ်းလှမ်းထား
Published 17 August 2017

 

မန်ယူအသင်းသည် ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်အား ကစားသမားဘဝမှ အနားယူပါက မန်ယူအသင်းတွင် နည်းပြအဖွဲ့ဝင်အဖြစ်ပြုလုပ်ရန် ကမ်းလှမ်းထားကြောင်း Independent သတင်းစာက ဖော်ပြခဲ့သည်။

Photo: independent

အီဘရာဟီမိုဗစ်သည် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသူဖြစ်ပြီး မန်ယူအသင်းကလည်း ၎င်းအား စာချုပ်သစ်ချုပ်ဆိုခြင်းမပြုတော့ပေ။ မိုဗစ်သည် ယခုအခါ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သော်လည်း ကစားသမားတစ်ဦးအဖြစ် ဆက်ကစားရန် ဆန္ဒရှိနေဆဲဖြစ်သည်။

သူသည် ပြီးခဲ့သည့် ရာသီက မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၄၆)ပွဲတွင် (၂၈)ဂိုး သွင်းယူနိုင်ခဲ့သလို၊ အသင်းနှင့်အတူ ယူရိုပါလိဂ်ဖလား၊ လိဂ်ဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့သည်။

Independent သတင်းစာ၏ ဖော်ပြချက်အရ အတွေ့အကြုံရင့် ဝါရင့်တိုက်စစ်မှူး မိုဗစ်အား မန်ယူအသင်းတာဝန်ရှိသူများက အသင်းနည်းပြအဖွဲ့တွင် ပါဝင်စေရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent