ချယ်လ်ဆီးအသင်းသို့ ပြန်မလာတော့ဟု ဒီယေဂိုကော်စတာ ကြေညာချက်ထုတ်

ချယ်လ်ဆီးအသင်းသို့ ပြန်မလာတော့ဟု ဒီယေဂိုကော်စတာ ကြေညာချက်ထုတ်
Published 18 August 2017

Photo: The Sun

ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူး ဒီယေဂိုကော်စတာက ချယ်လ်ဆီးအသင်းထံ ပြန်မလာတော့ဟု ကြေညာချက်ထုတ်ပြန်ကာ အတိအလင်းအသိပေးလိုက်ကြောင်း သိရှိရသည်။

ဒီယေဂိုကော်စတာသည် ပြီးခဲ့သည့်ဇွန်လက ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီထံမှ အနာဂတ်အစီအစဉ်များတွင် ပါဝင်ခြင်းမရှိတော့ဟု အကြောင်းကြားသည့် မက်ဆေ့ချ်ကို လက်ခံရရှိခဲ့ပြီးနောက် ဘရာဇီးလ်နိုင်ငံတွင်သာ ဆက်လက်နေထိုင်နေခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ပြန်လည်ပူးပေါင်းခြင်း မရှိခဲ့ပေ။

သို့သော် ချယ်လ်ဆီးအသင်းသည် ဒီယေဂိုကော်စတာကို ရောင်းထုတ်ခြင်းမပြုဘဲ အသင်းနှင့် သတ်မှတ်ချိန်တွင် ပြန်လည်ပူးပေါင်းခြင်းမရှိသည့်အတွက် နှစ်ပတ်လစာ ပေါင်(၃၀၀၀၀၀) ဒဏ်ငွေချမှတ်ခဲ့သည်။

ထို့ကြောင့် ဒီယေဂိုကော်စတာက ပိုမိုပေါက်ကွဲခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ လုံးဝပြန်မလာတော့ဟု ကြေညာချက်ထုတ်ခဲ့ခြင်းလည်းဖြစ်သည်။

Photo: Skysports

ယင်းကြေညာချက်တွင် ဒီယေဂိုကော်စတာက "ကျွန်တော် နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါပြီ။ ကျွန်တော် ချယ်လ်ဆီးအသင်းကို လုံးဝပြန်မသွားတော့ပါဘူး။ အက်သလက်တီကိုအသင်းကိုပဲ ပြန်လည်ပြောင်းရွှေ့ပါတော့မယ်" ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဒီယေဂိုကော်စတာ၏ ရှေ့နေဖြစ်သူကလည်း ချယ်လ်ဆီးအသင်းနှင့် စာချုပ်ဖျက်သိမ်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းက လက်မခံခဲ့ပါက တရားရင်ဆိုင်ရန်ပင် စီစဉ်ထားပြီဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent