ပရိသတ်များအတွက် လက်မှတ်စောင်ရေ ပိုမိုရရှိရန် MFF ကြိုးပမ်းမည်

ပရိသတ်များအတွက် လက်မှတ်စောင်ရေ ပိုမိုရရှိရန် MFF ကြိုးပမ်းမည်
Published 18 August 2017

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် ယနေ့ယှဉ်ပြိုင်ကစားမည့် ဘရူနိုင်းအသင်း နှင့်ပွဲတွင် လက်မှတ်စောင်ရေ ပိုမိုရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် မြန်မာပရိသတ်များအား လက်မှတ် ရောင်းချရာတွင် အကန့်အသတ်ဖြင့် ရောင်းချနေသောကြောင့် လာအိုအသင်းနှင့်ပွဲတွင် ပရိသတ်များမှာ လက်မှတ်မရရှိဘဲ ကွင်းပြင်ပမှ

အားပေးခဲ့ရသည်။ ပြိုင်ပွဲကျင်းပရေးကော်မတီ သည် ပွဲတစ်ပွဲလျှင် မြန်မာပရိသတ်များအား လက်မှတ်စောင်ရေ ၅၀၀ ဝန်းကျင်သာ ရောင်းချ ကြောင်း သိရသည်။

Most Read

Most Recent