ပြိုင်ပွဲကျင်းပမည့် နေရာအချို့ အဆင်သင့်မဖြစ်သေးဟု မလေးရှားအားကစားဝန်ကြီး ဝန်ခံ

ပြိုင်ပွဲကျင်းပမည့် နေရာအချို့ အဆင်သင့်မဖြစ်သေးဟု မလေးရှားအားကစားဝန်ကြီး ဝန်ခံ
Published 18 August 2017

Photo - Stadium MY

ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အချို့အားကစားနည်းများအား သြဂုတ် ၁၄ ရက်ကတည်းက စတင် ကျင်းပနေပြီဖြစ်သော်လည်း အဓိကပွဲစဉ်များကျင်းပမည့်နေရာအချို့ အဆင်သင့်မဖြစ်သေး ကြောင်း မလေးရှားအားကစားဝန်ကြီး ဂျာမူလပ်ဒင်က ဝန်ခံပြောကြားသည်။

မလေးရှားနိုင်ငံ အခြေစိုက် The Malay Mail Online သတင်းဌာန၏ဖော်ပြချက်အရ ဘိလိယက်/စနူကာ၊ ဂျူဒို၊ ကရာတေး၊ ပန်ကြပ်ဆီလတ်၊ တိုက်ကွမ်ဒိုနှင့် ဝူရှူအားကစားနည်းများကျင်းပမည့် ကွာ လာလမ်ပူကွန်ဗင်းရှင်းစင်တာမှာ အပြီးသတ်ပြင်ဆင်မှုများပြုလုပ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။ ထို့ပြင် ဘောလုံးပွဲစဉ်များတွင်လည်း ပရိသတ်များ ကွင်းအတွင်းဝင်ခွင့်ရရန် ကြန့် ကြာမှုများရှိနေရာ မီဒီယာများက ပြိုင်ပွဲကျင်းပရေးကော်မတီအား ဝေဖန်ပြစ်တင်မှုပြုလုပ် လျက်ရှိသည်။

'' တချို့နေရာတွေမှာ အခက်အခဲတွေ၊ နှောင့်နှေးမှုတွေရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုချက်ချင်း ကိုင်တွယ်ဆောင်ရွက်နေပါပြီ '' ဟု ဂျာမူလပ်ဒင်က ပြောကြားခဲ့သည်။

Most Read

Most Recent