ဘရူနိုင်းနှင့် ပွဲစဉ်အတွက် မြန်မာပရိသတ်များ လက်မှတ်ခွဲတမ်း ပိုမိုရရှိခဲ့ပြီး အခမဲ့ ဝေမည်

ဘရူနိုင်းနှင့် ပွဲစဉ်အတွက် မြန်မာပရိသတ်များ လက်မှတ်ခွဲတမ်း ပိုမိုရရှိခဲ့ပြီး အခမဲ့ ဝေမည်
Published 18 August 2017

photo- Sea games offical

သြဂုတ်(၁၈)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ဘရူနိုင်းယူ-၂၂ အသင်းနှင့် မြန်မာယူ-၂အသင်းတို့၏ပွဲစဉ်အတွက် မြန်မာပရိသတ်များ လက်မှတ်ခွဲတမ်း ပိုမိုရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ကအတည်ပြုခဲ့သည်။

ယင်းပွဲစဉ်တွင် လက်မှတ်ခွဲတမ်း ပိုမိုရရှိရန် သြဂုတ်(၁၇)ရက်နေ့ နံနက်ပိုင်းက မလေးရှားဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရေး (MYASOC) ထံမြန်မာပွဲလက်မှတ်များ အရေအတွက် တိုးမြှင့်ရောင်းချပေးရန်ညှိနှိုင်း တောင်းဆိုခဲ့ပြီးMASOC က သြဂုတ်(၁၈)ရက်နေ့တွင် ကျင်းပမည့် မြန်မာနှင့် ဘရူနိုင်း အမျိူးသား ဘောလုံးပွဲစဉ်အတွက် လက်မှတ်စောင်ရေ (၂၃၀၀)ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)ထံသို့ရောင်းချ ပေးမည်ဟု ပြန်လည်အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါလက်မှတ်များကို မလေးရှားရောက်မြန်မာ ပရိသတ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က အခမဲ့ ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အခမဲ့ ဝေငှပေးသွားမည့် လက်မှတ်များကို မလေးရှားလုံခြုံရေးနှင့် ကွင်းတာဝန်ရှိသူများက ဂိတ်အမှတ်(C) တစ်ခုတည်းကိုသာ ဖွင့်ပေးထားမည်ဟု အတည်ပြုခဲ့ပြီး လက်မှတ်ထုတ်ယူလိုသော ပရိသတ်များအနေဖြင့် ကွင်းအတွင်းသို့ ပွဲမစတင်မီ အချိန်စောလာရန်လိုကြောင်း ်(MFF) က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent