ဆီးဂိမ်းမြှားပစ်ပြိုင်ပွဲ Compound mix team ပြိုင်ပွဲတွင် မြန်မာအသင်း ငွေတံဆိပ်သာ ရရှိ

ဆီးဂိမ်းမြှားပစ်ပြိုင်ပွဲ Compound mix team ပြိုင်ပွဲတွင် မြန်မာအသင်း ငွေတံဆိပ်သာ ရရှိ
Published 18 August 2017

(၂၉) ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲ မြှားပစ်ပြိုင်ပွဲ၏ Compound mix team ပြိုင်ပွဲတွင် မြန်မာမြှားပစ်အဖွဲ့သည် ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း အိမ်ရှင် မလေးရှားအသင်းကို ရှုံးနိမ့်ပြီး ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

မြန်မာမြှားပစ်အဖွဲ့မှ အောင်ငှိမ်းနှင့် ရဲမင်းဆွေတို့အတွဲသည် ယခုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု မျှော်မှန်းခဲ့သော်လည်း ရမှတ် (၁၀) မှတ်အကွာဖြင့် ရွှေတံဆိပ်ဆုကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာအသင်းသည် စုစုပေါင်းရမှတ် (၁၄၂) မှတ် ရရှိခဲ့ပြီး မလေးရှားအသင်းမှာ စုစုပေါင်းရမှတ် (၁၅၂) မှတ် ရရှိခဲ့သည်။ မြန်မာမြှားပစ်အားကစားအဖွဲ့သည် ယခုပြိုင်ပွဲတွင် ရွှေတံဆိပ်နှင့် သုံးကြိမ်မြောက် လွဲချော်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent