ယနေ့ည နှင့် မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ည နှင့် မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 20 August 2017

■ အတ္တလန်တာ နှင့် ရိုးမား (၂၀-၈-၂၀၁၇ ည ၁၀း၃၀ နာရီ)

■ မနှစ်ကလို အတ္တလန်တာ အမြင့်ပျံဦးမလားစောင့်ကြည့် ရမယ်။ ရာသီကြိုပြင်ဆင်မှုတွေ အားရစရာကောင်းသလို၊ ခြေ စမ်းပွဲကာလမှာ လိုင်လီ၊  ဒေါ့မွန်၊ ဗလင်စီယာတို့ကို အနိုင်ရထား တယ်။ ရိုးမားက ဆာလာမရှိတော့လို့ တောင်ပံတိုက်စစ်အားနည်း သွားပြီး ဂိုးရဖို့ရုန်းကန်နေရတယ်။ ရိုးမားအမှတ်လျော့သွားနိုင် ပြီး အတ္တလန်တာ အောင်ပွဲရသွားရင် အံ့သြစရာမရှိပါဘူး။

■ ဘိုလော့ဂ်နာ နှင့် တိုရီနို (၂၁-၈-၂၀၁၇ နံနက် ၀၁း၁၅ နာရီ)

ဘယ်လော့တီ၊ ဖယ်လ်ကေ၊ တို့နဲ့ တိုရီနိုရဲ့ စုဖွဲ့မှုတည်ငြိမ် နေဆဲဖြစ်ပြီး ဂိုးရဖို့ပူစရာ သိပ်မရှိပါဘူး။ ဘိုလော့ဂ်နာက ကွင်း လယ်ပိုင်းကို အဓိကပြင်ဆင်ထားပြီး တိုက်စစ်ပိုင်းမှာ ဒက် စထရို၊ ဆီမွန်ဗာဒီတို့လို ကစားသမားတွေရှိပေမယ့် ဂိုးရဖို့ ခက်နေပုံပါပဲ။ လက်ရှိအချိန်မှာ တိုရီနိုရဲ့ကစားပုံပိုကောင်းပေ မယ့် ဘိုလော့ဂ်နာ အမှတ်ရပါလိမ့်မယ်။

■  ခရိုတိုနီ နှင့် အေစီမီလန် (၂၁-၈-၂၀၁၇ နံနက် ၀၁း၁၅ နာရီ)

အကြီးအကျယ်ပြင်ဆင်ထားတဲ့ အေစီမီလန်က ရာသီအ ဖွင့်ပွဲမှာပဲ သူတို့အင်အားကိုပြသနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါ ပေမဲ့ ရာသီကြိုကာလမှာ ခရိုတိုနီ ရလဒ်တွေကောင်းမွန်နေသလို၊ အိမ်ကွင်းမာကျောမှုအစဉ်အလာလည်းရှိနေလို့ အေစီမီလန် ပေါ့ဆလို့မရပါဘူး။ အေစီမီလန်အနိုင်ရဖို့ အခွင့်အရေးများပေ မယ့် (၂)ဂိုးထက် ပိုပြတ်ဖို့ ခက်တယ်။

■ အင်တာမီလန် နှင့် ဖီအိုရင်တီးနား (၂၁-၈-၂၀၁၇ နံနက် ၀၁း၁၅ နာရီ)

အင်တာမီလန်က ရာသီကြိုခြေစမ်းပွဲ (၈)ပွဲကစားခဲ့ပြီး (၆)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ချယ်လ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲမှာ အင်တာမီလန်ရဲ့ အကောင်းဆုံးပုံစံကိုမြင်ခဲ့ရပြီး နည်းပြသစ်စပယ်လက်တီက ယိုဗီတစ်ကို No.10 Role ပုံ စံထားကစားတာအောင်မြင်နေပါတယ်။  ကန်ဒရီဗာနဲ့ ပါရီဆစ်တို့ရဲ့ Dynamic Attacking ကြောင့်လည်း တိုက်စစ်မှာနေရာလွတ်များစွာ ဖန်တီးနိုင်တာတွေ့ရတယ်။ ကွင်းလယ်ဗဟိုမှာ ဗယ်လာရို၊ မာရီယို၊ ဂတ်လီယာဒီနီတို့လို ထက်မြက်တဲ့အစုအဖွဲ့ ရှိနေပါတယ်။ ဖီအိုရင်တီးနားက အဓိကကစားသမားတွေကို လက်လွှတ်ထားရပြီး ကစားသမားသစ်တွေနဲ့ အခြေကျဖို့ အချိန်ယူ ရဦးမယ့်ပုံစံပါပဲ။ ရာသီကြိုကာလမှာ ရလဒ်ကောင်းတချို့ရယူနိုင်ခဲ့ပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ကြား ဟန်ချက်ပျောက်ဆုံးနေပါ တယ်။ အင်တာမီလန်နဲ့ ဆုံတွေ့တိုင်း ရလဒ်ကောင်းတတ်တဲ့အစဉ်အလာရှိပေမယ့် ဒီတစ်ခါ ဖီအိုရင်တီးနား သရေအမြင့်ဆုံးပဲ မျှော်လင့်သင့်ပါတယ်။ အင်တာမီလန်နဲ့ ဂိုးအများဖြစ်လာနိုင်တယ်။

■ အင်တာမီလန် နှင့် ဖီအိုရင်တီးနား ပွဲစဉ်မှ ပွဲကြိုအချက်အလက် အချို့

■ အင်တာမီလန်အသင်းနှင့် ဖီအိုရင်တီးနားအသင်းတို့ နောက်ဆုံးဆုံတွေ့ခဲ့သည့် (၆)ပွဲတွင် နှစ်သင်းပေါင်းသွင်းဂိုး တစ်ပွဲပျမ်းမျှ(၄ .၅)ဂိုး ရှိခဲ့သည်။

■ ဖီအိုရင်တီးနားအသင်းသည် စီးရီးအေ နောက်ဆုံး (၈)ပွဲဆက် ပေးဂိုးများခဲ့ပြီး အနည်းဆုံး (၂)ဂိုးပေးထားခဲ့ရသည်။

■ အင်တာမီလန်အသင်းသည် နောက်ဆုံး(၆)ပွဲတွင် ဂိုးမပေးရသည့်ပွဲ (၄)ပွဲအထိ ရှိခဲ့သည်။

■ လာဇီယို နှင့် SPAL (၂၁-၈-၂၀၁၇ နံနက် ၀၁း၁၅ နာရီ)

တန်းတက်အသင်းတွေထဲမှာ SPAL က ပြင်ဆင်မှုအား အနည်းဆုံးပါပဲ။ အဝေးကွင်းခြေစွမ်းအားနည်းပြီး တိုက်စစ်ကဂိုး ရဖို့ ရုန်းကန်နေရတယ်။ ရာသီကြိုကာလမှာ လာဇီယိုရဲ့လုပ်အား နှုန်းမြင့်မားနေပြီး လေဗာကူဆင်၊ မာလာဂါ၊ ဂျူဗင်တပ်စ်တို့ကို အနိုင်ရထားတယ်။ ပြီးခဲ့တဲ့ဇူလိုင်လခြေစမ်းပွဲတုန်းကလိုပဲ လာ ဇီယို ဂိုးမပေးရဘဲ အနိုင်ရဖို့များပါတယ်။

■ ဆမ်ဒိုးရီးယား နှင့် ဘင်နီဗင်တို (၂၁-၈-၂၀၁၇ နံနက် ၀၁း၁၅ နာရီ)

ဂတ်စတွန်ရာမီရက်ဇ်ရောက်လာလို့ ဆမ်ဒိုးရီးယားကွင်း လယ်ပိုမိုထက်မြက်လာနိုင်ပေမယ့် တိုက်စစ်မှာ ကွာဂလီရယ် လာတစ်ဦးတည်းရှိနေလို့ ဂိုးရဖို့ ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမဲ့ စီးရီးအေကို ပထမဆုံးယှဉ်ပြိုင်ခွင့်ရတဲ့ ဘင်နီဗင်တိုကို အသာစီး မရစရာမရှိပါဘူး။ ဆမ်ဒိုးရီးယား အနိုင်ရဖို့သေချာသလောက်ရှိ ပြီး ဂိုးတော့နည်းနိုင်တယ်။

■ ဆာဆူအိုလို နှင့် ဂျီနိုအာ (၂၁-၈-၂၀၁၇ နံနက် ၀၁း၁၅ နာရီ)

ဆာဆူအိုလိုရဲ့ အဓိကပြဿနာက နည်းပြအပြောင်းအလဲ ပါပဲ။ အသင်းကိုအရောင်တင်ပေးခဲ့တဲ့ ဒီဖရန်ဆက်စကိုနေရာ ဝင်ရောက်လာသူက မထင်မရှားနည်းပြဖြစ်နေလို့ အသင်းရဲ့ နဂိုဟန်ပျက်စီးသွားမလားစောင့်ကြည့်ရမယ်။ ဂျီနိုအာက ဘာ တိုလက်ခီ၊ ပင်နယ်လာတို့အပါအဝင် ကစားသမားကောင်းတချို့ ကို အားဖြည့်ထားလို့ အမှတ်ရသွားနိုင်တယ်။

■ အူဒီးနီးစ် နှင့် ချီယေဗို (၂၁-၈-၂၀၁၇ နံနက် ၀၁း၁၅ နာရီ)

အူဒီးနီးစ်မှာ သီရေယူ၊ လက်ဂ်ဆာနာ၊ ယန့်တိုတို့လို ကစား သမားကောင်းတွေရှိနေသေးပြီး စုဖွဲ့မှုတည်ငြိမ်နေပါတယ်။  ချီ ယေဗိုကလည်း ရာသီကြိုကာလမှာ ရလဒ်ကောင်းတွေယူပြထား   ပေမယ့် အသင်းငယ်လေးတွေနဲ့ ဆုံတွေ့ခဲ့လို့ဖြစ်ပြီး အူဒီးနီးစ်ရဲ့ ရာသီကြိုရလဒ်တွေက ပိုပြီးလေးစားစရာဖြစ်နေတယ်။ အူဒီးနီးစ် အနိုင်ရဖို့များပါတယ်။

Most Read

Most Recent