ယနေ့ယှဉ်ပြိုင်ကစားမည့်စပါးအသင်းနှင့်ပွဲတွင် ဘာကာယိုကို ပွဲထွက်ကစားဖွယ်ရှိ

ယနေ့ယှဉ်ပြိုင်ကစားမည့်စပါးအသင်းနှင့်ပွဲတွင် ဘာကာယိုကို ပွဲထွက်ကစားဖွယ်ရှိ
Published 20 August 2017

photo - Metro

 

ချယ်လ်ဆီးကွင်းလယ်လူသစ် ဘာကာ ယိုကိုသည် ယနေ့တွင်ယှဉ်ပြိုင်ကစားမည့် စပါးအသင်းနှင့်လန်ဒန်ဒါဘီပွဲစဉ်တွင် အသင်းသစ်နှင့်အတူ ပွဲဦးထွက်ပါဝင်လာဖွယ် ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ပွဲ ကြိုသတင်းစာရှင်းလင်းပွဲတွင် ချယ်လ်ဆီး နည်းပြ ကွန်တီက သူ့အနေဖြင့် အသင်း၏ ဒဏ်ရာနှင့် ပွဲပယ်ပြဿနာများကြောင့် ဘာကာယိုကို ကို တွန်းအားပေးကစားခိုင်းဖွယ် ရှိကြောင်း ဝန်ခံခဲ့သည်။ " ဘာကာယိုကိုရဲ့ အခြေအနေဟာ အလွန်တိုးတက်နေပေမယ့် ရာနှုန်းပြည့်ကြံ့ခိုင်မှုတော့ မရသေးဘူး။ ဒါပေမဲ့ ကျွန်တော် သူ့ကို စပါးနဲ့ပွဲမှာ ထည့်သွင်းကစားဖို့ စဉ်းစားနိုင်ပါတယ်" ဟု ကွန်တီက ပြောကြားခဲ့သည်။

ထို့ပြင် ကွန်တီက ချယ်လ်ဆီးအသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်း၊ သို့မဟုတ် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်သည့် အသင်းဖြစ်လာရေးအတွက် တည်ဆောက်ရန် လေးနှစ်ခန့်လိုမည်ဟု မှတ်ချက်ပြုသွားခဲ့သည်။ သို့သော် ၎င်းက ရာဇဝတ်သားတစ်ဦးကဲ့သို့ ဆက်ဆံသည်ဟူသော ဒီယေဂိုကော်စတာ၏မှတ်ချက်စကားကိုမူ အလွန်ရယ်စရာ ကောင်းသည့်စကားဟုသာ လှောင်ပြောင်သ ရော်ပြီး ပြောဆိုခဲ့သည်။

Most Read

Most Recent