ဒူးဒဏ်ရာကြောင့် ဆွာရက်ဇ် တစ်လခန့် အနားယူရမည်

ဒူးဒဏ်ရာကြောင့် ဆွာရက်ဇ် တစ်လခန့် အနားယူရမည်
Published 20 August 2017

Photo : AFP

 

ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သူ ဆွာရက်ဇ်သည် ဒူးဒဏ်ရာ ကြောင့် တစ်လခန့် အနားယူရမည်ဖြစ် ကြောင်းသိရသည်။

ဆွာရက်ဇ်သည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က စပိန်စူပါဖလားဒုတိယအကျော့အဖြစ် ရီးယဲလ်နှင့်ကစားခဲ့သောပွဲတွင် ဒုတိယပိုင်း၌ ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဆွာရက်ဇ်၏ဒဏ်ရာနှင့်ပတ်သက်၍ ဘာစီလိုနာအသင်းကသတင်းထုတ်ပြန်ခဲ့ပြီး ယင်းထဲတွင် ဆွာရက်ဇ်သည် ရီးယဲလ်နှင့်ကစားခဲ့သောပွဲတွင် ညာဘက်ဒူး၌ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆွာရက်ဇ်အနေဖြင့် လေးပတ်ခန့် အနားယူရမည် ဖြစ်ကြောင်း ဖော်ပြပါရှိခဲ့သည်။

ဆွာရက်ဇ်သည် ယခုဒဏ်ရာကြောင့် လာလီဂါရာသီအစပွဲစဉ်များဖြစ်သည့် ဘက်တစ် (အိမ်)၊ အလာဗတ်စ် (အဝေး)၊ အက်စ်ပန်ညို (အိမ်) တို့နှင့် ကစားမည့်ပွဲများကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ယခုရာသီအစတွင် ရလဒ်ဆိုးများနှင့် ရုန်းကန်နေရ ချိန်၌ အဓိကတိုက်စစ်မှူးဆွာရက်ဇ် ဒဏ်ရာရရှိခဲ့၍ ၎င်းတို့အတွက် ကြီးမားသည့်ထိုးနှက်ချက်ဖြစ်ခဲ့သည်။