Published 20 August 2017

Photo : AFP

စပါးအသင်းသည် အေဂျက်စ်အသင်းမှ ကိုလံဘီယာလက်ရွေးစင် လူငယ်နောက်ခံလူ ဒါဗင်ဆန်ဆန်းချက်ဇ်ကို အပြီးသတ် ခေါ်ယူ နိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။ ပြောင်းရွှေ့ကြေးပမာဏကို တရားဝင်ကြေ ညာခြင်းမရှိသော်လည်း ကလပ်စံချိန်တင် ပေါင် (၄၂) သန်း ပေးချေရမည်ဟု သတင်းများ က ဖော်ပြခဲ့ကြသည်။

ဒါဗင်ဆန်သည် (၂၁) နှစ်အရွယ်သာရှိ သေးပြီး လက်ရွေးစင်အသင်းအတွက် ပြီးခဲ့သည့်နှစ်ကမှ ပွဲထွက်ခဲ့ကာ နှစ်ပွဲသာကစား ရသေးသည်။ " စပါးအသင်းလို ထင်ရှားကျော် ကြားတဲ့ အသင်းတစ်သင်းနဲ့ လက်မှတ်ထိုးခွင့် ရလို့ စိတ်လှုပ်ရှားမိပါတယ်။ အေဂျက်စ်အ သင်းက နည်းပြ၊ စီမံခန့်ခွဲမှုအဖွဲ့၊ အသင်းဖော် တွေနဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် အ ခုအပြောင်းအရွှေ့ဟာ ကစားသမားဘဝတိုး တက်စေဖို့ ကြီးမားတဲ့အလှည့်အပြောင်းတစ် ခုပါပဲ" ဟု ဒါဗင်ဆန်ဆန်းချက်ဇ်က ပြောကြားခဲ့သည်။

စပါးအသင်းသည် ပြီးခဲ့သည့်ရာသီက နယူးကာဆယ်အသင်းမှ ပြင်သစ်လက် ရွေးစင်ကွင်းလယ်လူ မူဆာဆစ်ဆိုကို ကို ပေါင် သန်း (၃၀) ဖြင့်ခေါ်ယူကာ တင်ထားသည့် ကလပ်စံချိန်ကို ထပ်မံချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ စပါးအသင်းနှင့် ဒါဗင်ဆန်တို့သည် ခြောက်နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီ မှုရရှိခဲ့သည်။