"ပရိသတ်တွေရဲ့အားကို အများကြီးလိုပါတယ်"

"ပရိသတ်တွေရဲ့အားကို အများကြီးလိုပါတယ်"
Published 21 August 2017

Photo - ကောင်းထက်အောင်

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ရဲ့ယုံကြည်မှုနဲ့ ပွဲထွက်ကစားခွင့်ရနေတဲ့ တိုက်စစ်မှူးအောင်ကောင်းမာန်ဟာ ဘရူနိုင်းအသင်းနဲ့ကစားခဲ့တဲ့ အုပ်စုတတိယပွဲမှာ လူစားဝင်ရောက်လာပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲအပြီး မီဒီယာတွေနဲ့တွေ့ဆုံမေးမြန်းမှု မှာ သူဘာတွေပြောခဲ့သလဲဆိုတာ ပြန်လည်ဖော်ပြလိုက်ပါတယ်။

■မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး အောင်ကောင်းမာန်နှင့် တွေ့ဆုံခြင်း

မေး - ဆီမီးဖိုင်နယ်တက်သွားပြီဆိုတော့ ဘယ်လိုခံစားရလဲ ပြောပြပေးပါ။
ဖြေ - ပျော်တယ်ပေါ့။ ဂိုးမရတာလည်းကြာပြီဆိုတော့ အခုလို ဂိုးတွေသွင်းနိုင်လို့ ပျော်ပါတယ်။ ဘရူနိုင်းအသင်းလည်း သူတို့ လူစာရင်းနဲ့ ပြင်ဆင်မှုတွေလုပ်ထားတာ ကောင်းပါတယ်။

မေး - အိမ်ရှင်မလေးရှားနဲ့ကစားရမယ့် အုပ်စုနောက်ဆုံးပွဲက အုပ်စုပထမ နေရာအတွက် အဆုံးအဖြတ်ဖြစ်လို့ ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားလဲ။
ဖြေ - ဒါကတော့ နည်းပြကြီးပဲ စီစဉ်မှာပါ။

မေး - ပရိသတ်တွေက မိုးတွေရွာနေချိန်မှာတောင် တစ်ခဲနက်အားပေးခဲ့ကြ တယ်နော်။ အဲဒီပရိသတ်တွေကိုရော ဘာများပြောချင်လဲ။
ဖြေ -အခုလို ပရိသတ်တွေလာအားပေးတာ အရမ်းဝမ်းသာ ပါတယ်။ ပရိသတ်တွေရဲ့အားကိုလည်း အများကြီးလိုပါတယ်။ နောက်ပွဲတွေလည်း လာအားပေးကြပါလို့ ပြောချင်ပါတယ်။

မေး - အသင်းရဲ့ အားသားချက်၊ အားနည်းချက်တွေအပေါ် ဘယ်လိုမြင်လဲ။
ဖြေ - ဒါကတော့ နည်းပြကြီးပဲ အားနည်းချက်၊ အားသာချက် တွေကိုမြင်မှာပေါ့။

မေး - ဒီအသင်းက ရွှေတံဆိပ်ရဖို့လုံလောက်တဲ့ခြေစွမ်း၊ လူအင်အားရှိနေပြီ လို့ ထင်လား။
ဖြေ - အဲဒါတော့ ကျွန်တော်လည်းမပြောတတ်ဘူး။ ကျွန် တော်တို့ကတော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ပရိသတ် တွေလည်း လာအားပေးကြပါလို့။

Most Read

Most Recent