ပရီးမီးယားလိဂ် ပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ် ပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်
Published 21 August 2017

Photo:Wikipedia

မန်စီးတီး နှင့် အဲဗာတန် (မြန်မာစံတော်ချိန် သြဂုတ် ၂၂ နံနက် ၁း၃၀ နာရီ)

မန်စီးတီးအသင်းသာ ဒီပွဲကို အနိုင်မကစားနိုင်ဘူးဆိုရင် အံ့သြစရာဖြစ်လာလိမ့်မယ်။ အဲဗာတန်က မန်စီးတီးကို ဒုက္ခပေးနေကျအသင်းဖြစ်ပြီး မနှစ်ကလည်း ဂွါဒီယိုလာရဲ့အသင်းကို မန်စီးတီးအသင်းရဲ့ကွင်းမှာ သရေကစားခဲ့တယ်။ ဒါပေမဲ့ လက် ရှိအနေအထားမှာတော့ မန်စီးတီးရဲ့ ပြင်ဆင်မှု၊ မန်စီးတီးရဲ့ ခြေစွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုက အမြင့်မားဆုံးအနေအထား မှာ ရှိနေတယ်လို့ ယူဆရတယ်။ အဲဗာတန်အသင်းကလည်း အဖွင့်ပွဲမှာ နိုင်ထားတဲ့အသင်းပါ။ ဒါပေမဲ့ မနှစ်က အိမ်ကွင်း (၁၈) ပွဲမှာ (၇)ပွဲသရေကျလို့ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးအတွက် ဒီရာသီ ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာ ဒီလိုအမှားမျိုးထပ် ပြီး ကျူးလွန်တော့မှာ မဟုတ်ပါဘူး။ အဲဗာတန်က ရာသီအဖွင့်ပွဲစဉ်မှာ စတုတ်စီးတီးကိုအနိုင်ကစားဖို့အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြီးခဲ့တဲ့ရာသီ အဝေးကွင်းမှတ်တမ်းက အရမ်းညံ့သလို၊ အသင်းကြီးတွေ နဲ့ ကစားခဲ့တဲ့ အဝေးကွင်း (၉)ပွဲမှာ တစ်ပွဲပဲနိုင်ပြီး ရလဒ်ပိုင်းက တော်တော်လေး စိတ်ပျက်စရာဖြစ်ခဲ့တာကိုတွေ့ရတယ်။ ဒါ ကြောင့် ဒီပွဲမှာလည်း အဖက်ဖက်က အသာစီးရနေတဲ့ မန်စီးတီးပဲ အနိုင်ရသွားပါလိမ့်မယ်။

 

 

Most Read

Most Recent