ကိုလံဘီယာတောင်ပံကစားသမား အစ်ဇ်ကေယာဒိုကို ကလပ်စံချိန်တင်ကြေးဖြင့် ဘရိုက်တန် ခေါ်ယူ

ကိုလံဘီယာတောင်ပံကစားသမား အစ်ဇ်ကေယာဒိုကို ကလပ်စံချိန်တင်ကြေးဖြင့် ဘရိုက်တန် ခေါ်ယူ
Published 21 August 2017

Photos: Brighton FC

ပရီးမီးယားလိဂ်တန်းတက်ကလပ် ဘရိုက်တန်အသင်းသည် ကလပ်ဘရုဂေးအသင်းမှ ကိုလံဘီယာလက်ရွေးစင်တောင်ပံကစားသမား အစ်ဇ်ကေယာဒိုကို ကလပ်စံချိန်တင်
ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။

(၂၅)နှစ်အရွယ်ရှိ အစ်ဇ်ကေယာဒိုအတွက် ပေးချေရမည့်ပြောင်းရွှေ့ကြေးပမာဏကို ဘရိုက်တန်အသင်းက တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း ဗြိတိန်သတင်းများတွင်မူ ပေါင် (၁၃.၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘရိုက်တန်အသင်းသည် အစ်ဇ်ကေယာဒို၊ ကလပ်ဘရုဂေးအသင်းများနှင့် ပြီးခဲ့သည့် တစ်ပတ်ကျော်ကတည်းက သဘောတူညီမှုရရှိနေပြီး အလုပ်လုပ်ခွင့်ပါမစ်၊ ဗြိတိန်အလုပ် ဗီဇာတို့ရရှိရန် စောင့်ဆိုင်းနေရခြင်းကြောင့် အပြီးသတ် ကြာမြင့်နေခြင်းဖြစ်သည်။

ဘရိုက်တန်အနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးကို တတိယအကြိမ်မြောက် ရိုက်ချိုးခြင်းလည်းဖြစ်သည်။

Most Read

Most Recent