FA ဖလား ပွဲစဉ်များ အကြိုသုံးသပ်ချက်

Photo : AFP

■ ကာဒစ်ဖ် နှင့် ဖူလ်ဟမ် (တနင်္ဂနွေ ည ၆း၀၀ နာရီ)
လိဂ်ချန်ပီယံရှစ် အသင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်ပြီး ရစ်ကီလမ်းဘတ်၊ ဟွိုင်လတ်တို့ရဲ့ကာဒစ်ဖ်က ဇယား အောက်ခြေမှာပါ။ ဖူလ်ဟမ် သရေနဲ့ အနိုင်ပဲ။

■ လီဗာပူးလ် နှင့် ပလိုင်းမောက် (တနင်္ဂနွေ ည ၈း၀၀ နာရီ)
အသင်းကြီးတွေအတွက်တော့ ကစားသမားတွေ အနားပေးမယ့် ပွဲစဉ်တွေပါ။ လီဗာပူးလ်လည်း အဓိက ကစားသမားတွေ အနားပေးပြီး လူငယ်တွေနဲ့ ကစားပါလိမ့်မယ်။ ပလိုင်းမောက်က လိဂ်တူးမှာ ရလဒ်တွေ ကောင်းနေပေမယ့် လီဗာပူးလ်ကိုတော့ ယှဉ်နိုင်ဖို့မရှိပါဘူး။ အရန်တွေနဲ့ ကစားရင်တောင် လီဗာပူးလ် ဂိုးပြတ်သွင်းလိမ့်မယ်။

■ ချယ်လ်ဆီး နှင့် ပီတာဘရော့ (တနင်္ဂနွေ ည ၉း၃၀ နာရီ)
ပီတာဘရော့က လိဂ်ဝမ်းမှာ အဆင့်(၈)နေရာ ရောက်နေပါတယ်။ ရလဒ်တွေ ကောင်းနေပေမယ့် နောက်ပိုင်းပွဲတွေမှာ သရေပွဲတွေ ဆက်တိုက်ကျနေပါတယ်။ ချယ်လ်ဆီးက နိုင်ပွဲတွေ ဆက်တိုက်ရနေပြီး ဒီပွဲမှာ အရန်ကစားသမားတချို့နဲ့ လူငယ်တွေကိုတွဲပြီး ပွဲထုတ်လာမှာပါ။ ဒါပေမဲ့ ချယ်လ်ဆီးပဲ နိုင်မှာဖြစ်ပြီး ဂိုးပြတ်သွားဖို့လည်း ရှိနေပါတယ်။

■ မစ်ဒယ်ဘရော့ နှင့် ရှက်ဖီးဝင်းစဒေး (တနင်္ဂနွေ ည ၉း၃၀ နာရီ)
လိဂ်ချန်ပီယံရှစ်မှာ အဆင့် (၆) နေရာရောက်နေတဲ့ ရှက်ဖီးဝင်းစ်ဒေးက မစ်ဒယ်ဘရော့ကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ တိုက်စစ်မှာ စတီဗင်ဖလက်ချာ၊ ဂယ်ရီဟူးပါးတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။  ဒါပေမဲ့ မစ်ဒယ်ဘရော့အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ မစ်ဒယ်ဘရော့ပဲနိုင်ပွဲ ရသွားလိမ့်မယ်။

■ စပါး နှင့် ဗီလာ(တနင်္ဂနွေ ည ၁၀း၃၀ နာရီ)
လိဂ်ချန်ပီယံရှစ်မှာ အမှတ်ပေးဇယား အလယ်ကိုရောက်နေတဲ့ အက်စတွန်ဗီလာက စပါးကွင်းမှာ ရလဒ်ကောင်းဖို့ မရှိပါဘူး။ ပိုချက်တီနိုက ဒီလိုပွဲမျိုးကို လူငယ် ကစားသမားတွေကိုပဲ အဓိကထား ပွဲထုတ်မှာပါ။ အဘွန်လဟော်၊ မီကာရစ်ချတ်စ်၊ အာယူး၊ အမာဗီ၊ ဆစ်ဆိုခိုတို့အပါအ၀င် ကစားသမားကောင်း တွေရှိတဲ့ ဗီလာက စပါး လူမစုံရင် သရေ ခံကစားပါလိမ့်မယ်။