ကမ္ဘာကို လွှမ်းမိုးနိုင်သည့် လိဂ်ပြိုင်ပွဲ ဖြစ်လာလိမ့်မည်ဟု တရုတ်စူပါလိဂ် ဈေးကွက်ခေါင်းဆောင်ဆို

ယူရိုသန်း ၆၀ ဖြင့် တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဘရာဇီးလ်ကွင်းလယ်လူ အော်စကာ
တရုတ်စူပါလိဂ် ဈေးကွက်ခေါင်းဆောင် အန်ဒရူးဂျော်ဂျီအိုယူက တရုတ်စူပါလိဂ်ပြိုင်ပွဲသည် ကမ္ဘာကို လွှမ်းမိုးနိုင်သည့် ပြိုင်ပွဲဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
 
လက်ရှိအချိန်၌ တရုတ်စူပါလိဂ်ပြိုင်ပွဲမှ အသင်းများသည် ဥရောပမှ နာမည်ကျော်ကစားသမားများကို ခေါ်ယူနေပြီး နောက်ထပ်ခေါ်ယူမှုများ ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။
 
အာရှအားကစား ဈေးကွက်အတွင်း ဆယ်စုနှစ်တစ်ခုကြာ ကျင်လည်လာသည့် အန်ဒရူးဂျော်ဂျီအိုယူက တရုတ်ဘောလုံး တာဝန်ရှိသူများသည် လူငယ်အကယ်ဒမီများတွင် ကြီးမားစွာ ရင်နှီးမြှုပ်နှံထားခြင်းကလည်း ဘောလုံးလောကအတွက် အပြုသဘောဆောင်ကြောင်း သုံးသပ်ခဲ့သည်။
 
အန်ဒရူးဂျော်ဂျီအိုယူက လာမည့် ၂၀၅၀ ခုနှစ်တွင် တရုတ်စူပါလိဂ် ပြိုင်ပွဲသည် ပရီးမီးယားလိဂ် ပြိုင်ပွဲကဲ့သို့ ကျော်ကြားလာလိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။