မနက်ဖြန် နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် - အာဆင်နယ် (၁၆-၂-၂၀၁၇ နံနက် ၂း၁၅)

ဘိုင်ယန်မြူးနစ်က ဒီရာသီမှာ သိသိသာသာ ကျဆင်းနေတယ်။ နိုင်ပွဲတွေရနေဆဲ ဆိုပေမယ့် ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့ နိုင်ပွဲတွေက ဆက်လာတယ်။ ချန်ပီယံလိဂ်မှာလည်း အုပ်စုဒုတိယပဲ ရခဲ့တယ်။ အက်သလက်တီကိုကို နှစ်ကျော့ပေါင်းရလဒ်မှာ နိမ့်ကျခဲ့သလို၊ ရော့စတော့ဗ်လို အသင်းမျိုးကိုတောင် ရှုံးခဲ့တာမျိုး တွေ့ရတယ်။ အာဆင်နယ်က ပုံမှန်ပဲ။ ဒါပေမဲ့ ဘိုင်ယန်နဲ့ တွေ့ခါနီးမှ အာဆင်နယ်ရဲ့ ရလဒ်တွေက ကျဆင်းနေတယ်။ ဟားလ်စီးတီးကို ခက်ခက်ခဲခဲ မနိုင်ခင်မှာ နှစ်ပွဲဆက် ရှုံးခဲ့တယ်။ ချန်ပီယံလိဂ်မှာတော့ PSG နဲ့ သရေနှစ်ပွဲကလွဲရင် ပွဲတိုင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲလည်း ဘိုင်ယန်ကပ်နိုင်မှာပါ။

ရီးယဲလ်မက်ဒရစ် - နာပိုလီ (၁၆-၂-၂၀၁၇ နံနက် ၂း၁၅)

အဆင့်အတန်းကွာ၊ သမိုင်းကြောင်းကွာ၊ လူအင်အားကွာပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ နာပိုလီရဲ့ တိုက်စစ်အား၊ ဂိုးသွင်းနှုန်းက ဥရောပထိပ်တန်း အဆင့်မှာ ရှိပြီး ရီးယဲလ်၊ ဘာစီလိုနာတို့လို အသင်းတွေကိုတောင် ယှဉ်နိုင်တာကို တွေ့ရတယ်။ လက်ရှိအချိန်မှာ ရီးယဲလ်က ပုံမှန်အဆင့်အတန်းမှာ ထိန်းထားနိုင်သလို၊ နာပိုလီကလည်း ခြေပြန်တက်လာပြီး အကောင်းဆုံးပုံစံ ပြန်ရနေတယ်။ ရီးယဲလ်ရဲ့အင်အားကို မယှဉ်နိုင်ပေမယ့် စုဖွဲ့မှုကောင်းတဲ့အသင်း ဖြစ်နေတာကြောင့် နာပိုလီ ဒုက္ခတော့ ပေးနိုင်သင့်တယ်။ ဒါပေမဲ့ နာပိုလီက ခံကစားရင် အားနည်းချက်ရှိတယ်။ ဒီအချက်ကြောင့်ပဲ ရီးယဲလ်ဂိုးပြတ်နိုင်ဖို့ များပါတယ်။