ချန်ပီယံလိဂ်ဂိုးအများဆုံးစာရင်းတွင် အွန်နရီကိုကျော်ပြီး ဘန်ဇီမာ အဆင့် (၅)နေရာရောက်လာ

ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး ဘန်ဇီမာသည် နာပိုလီအသင်းနှင့် ပွဲစဉ်တွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ်ဂိုး အများဆုံး သွင်းယူသည့် ကစားသမားများစာရင်းတွင် တစ်နိုင်ငံတည်းသား ကစားသမား အွန်နရီကိုကျော်ပြီး အဆင့် (၅)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

ဘန်ဇီမာသည် နာပိုလီအသင်းနှင့် ပွဲစဉ်တွင် ချန်ပီယံလိဂ်သွင်းဂိုး (51) ဂိုးမြောက်ကို သွင်းယူခဲ့ခြင်းဖြစ်ပြီး ဂိုး (50)သွင်းထားသည့် အွန်နရီကို
ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ 2016-17 ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအပြီးတွင် သွင်းဂိုး (46)ဂိုးပြည့်ကာ ထိပ်ဆုံး (10)ဦးထဲ ရောက်လာသည့် ဘန်ဇီမာသည် ယခုရာသီတွင် ချန်ပီယံလိဂ်သွင်းဂိုး နောက်ထပ် (5)ဂိုးကို သွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အဆင့် (၄)နေရာတွင် ရပ်တည်နေသူမှာ နယ်သာလန်တိုက်စစ်မှူး နစ္စတယ်ရွိုင်းဖြစ်ပြီး (56)ဂိုးသွင်းယူထားရာ ဘန်ဇီမာသည် နစ္စတယ်ရွိုင်း၏ စံချိန်ကို ထပ်မံကျော်ဖြတ်နိုင်ရန် ကြိုးစားရဦးမည်ဖြစ်သည်။ ထိပ်ဆုံး (3)နေရာတွင်မူ စီရော်နယ်လ်ဒို၊ မက်ဆီနှင့် ရာအူးလ်ဂွန်ဇာလက်တို့က ရပ်တည်လျက်ရှိသည်။

ချန်ပီယံလိဂ်တွင် ဂိုးအများဆုံးသွင်းယူထားသူ (15)ဦး

စီရော်နယ်လ်ဒို (95)ဂိုး
မက်ဆီ (93)ဂိုး
ရာအူးလ် (71)ဂိုး
နစ္စတယ်ရွိုင်း (56)ဂိုး
ဘန်ဇီမာ (51)ဂိုး
အွန်နရီ (50)ဂိုး
အီဘရာဟီမိုဗစ် (48)ဂိုး
ရှက်ဗ်ချင်ကို (48)ဂိုး
အင်ဇာဂီ (45)ဂိုး
ဒရော့ဘာ (44)ဂိုး
ဒယ်လ်ပီယာရို (41)ဂိုး
သောမတ်စ်မူလာ (40)ဂိုး
လီဝန်ဒေါစကီး (38)ဂိုး
မိုရီယန်တေးစ် (33)ဂိုး
ရွန်နီ (30)ဂိုး

Photo: Squawka