■ ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ၀က်စ်ဘရွန်း နှင့် အာဆင်နယ် (စနေည ၇း၀၀ နာရီ)

နောက်ဆုံး (၅) ပွဲမှာ ၀က်ဖို့ဒ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့ကို ရှုံးခဲ့တဲ့ အာဆင်နယ် အခြေအနေ တော်တော်ဆိုးပြီး ယုံကြည်မှုကိုပါ ထိခိုက်သွားတယ်။ ဘန်လေ၊ ဟားလ်စီးတီးတို့ကို နိုင်ခဲ့ပေမယ့် အားရစရာမရှိဘူး။ ၀က်စ်ဘရွန်း ခြေပျက်နေပေမယ့် အိမ်ကွင်းမှာ ကစားပုံကောင်းတယ်။ အာဆင်နယ် သရေကျနိုင်တယ်။

■ ပဲလေ့စ် နှင့် ၀က်ဖို့ဒ် (စနေည ၉း၃၀ နာရီ)

ဆမ်အလာဒိုက်စ်ရဲ့အသင်းက ခံစစ်ပြန်ငြိမ်လာတယ်။ အသားလည်းကျလာတယ်။ ဇန်န၀ါရီမှာ ခံစစ်ကို အဓိကပြင်လိုက်တာ မှန်သွားတယ် ပြောရမယ်။ တိုက်စစ်က အရင်လောက် မထက်မြက်ပေမယ့် တိုက်စစ်၊ ခံစစ် ဟန်ချက်ပိုညီလာတယ်။ အိမ်ကွင်းမှာ ၀က်ဖို့ဒ်ကို အနိုင်ကစားဦးမယ်။

■ အဲဗာတန် နှင့် ဟားလ်းစီးတီး (စနေည ၉း၃၀ နာရီ)

အဲဗာတန်ရဲ့ တိုက်စစ်က ဂိုးတွေ ဆက်တိုက်ရနေတယ်။ နောက်ဆုံးကစားခဲ့တဲ့ (၅) ပွဲမှာ (၄) ပွဲ ဂိုးရခဲ့ပြီး သွင်းဂိုးစုစုပေါင်းက (၁၃) ဂိုးတောင် ရှိခဲ့တယ်။ ဟားလ်စီးတီး ခံစစ်တောင့်ခံနိုင်ဖို့ မလွယ်ဘူး။ အဲဗာတန်နိုင်ဖို့ ရှိတယ်။ ဒါပေမဲ့ ဟားလ်စီးတီးက မထင်မှတ်ဘဲ ဒုက္ခပေးတတ်တယ်။ (၂-၁) လောက်ပဲ ကြိုက်တယ်။

■ စတုတ်စီးတီး နှင့် ချယ်လ်ဆီး (စနေည ၉း၃၀ နာရီ)

စတုတ်စီးတီးက အိမ်ကွင်းမှာ (၆) ပွဲနိုင်၊ (၅) ပွဲသရေနဲ့ (၁) ပွဲပဲ ရှုံးထားတယ်။ ဒီရာသီ အိမ်ကွင်းရလဒ်တွေကို ကြည့်မယ်ဆိုရင် အသင်းကြီးတွေကို အရင်နှစ်တွေလောက် ဒုက္ခမပေးနိုင်တော့ဘူး။ ကွင်းလယ်လူ ဂျိုးအယ်လန်က စတုတ်စီးတီးရဲ့ ဂိုးအများဆုံး ကစားသမား ဖြစ်နေတာကလည်း စိတ်ပျက်စရာလို့ ပြောလို့ရတယ်။ အမြင့်ဘောကို တော်တော်အားပြုကစားတယ်။ ချယ်လ်ဆီးခံစစ်ကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေတာမှန်ပေမယ့် အားနည်းချက်ပေါ်ရင် အမြင့်ဘောတွေမှာ ပေါ်တတ်တာကို သတိပြုရမယ်။ ဆွမ်ဆီးနဲ့ပွဲ၊ စပါးနဲ့ပွဲတွေမှာ အမြင့်ဘောတွေနဲ့ ဂိုးတွေပေးလိုက်ရတယ်။ ဒီပွဲမှာ ပီတာခရော့ခ်ျပါလာရင် ခံစစ်တန်းက (၃) ဦးစလုံးနဲ့ ကွင်းလယ်ကနေ ခံစစ်ကိုကူပေးတဲ့ ကွန်တေတို့က ယှဉ်နိုင်စွမ်းမရှိဘူး။ ချယ်လ်ဆီးနည်းပြ ကွန်တီအနေနဲ့ second ball drop ball တွေအတွက် ပိုပြီးပြင်ဆင်ထားလိမ့်မယ်ထင်တယ်။ ကျန်တာကတော့ စတုတ်ကို သိပ်စိုးရိမ်စရာမရှိဘူး။ စတုတ်ရဲ့ ခံစစ်ကလည်း မန်စီးတီးကွင်းမှာ ဂိုးမရှိသရေ ကစားခဲ့ပေမယ့် စိတ်ချရတဲ့ ခံစစ်မျိုးမဟုတ်ဘူး။ အထူးသဖြင့် တစ်ဦးချင်း အရမ်းကောင်းတဲ့ ချယ်လ်ဆီးတိုက်စစ်ကြောင့် ခက်နိုင်တယ်။ ချယ်လ်ဆီးနိုင်မယ်။ ဂိုးမပြတ်ဘူး။

■ ဆန်းဒါးလန်း နှင့် ဘန်လေ (စနေည ၉း၃၀ နာရီ)

ဆန်းဒါးလန်းက ဘောလုံးမကိုင်နိုင်၊ အခွင့်အရေး အသုံးမချနိုင်။ တိုက်စစ်က တစ်ဦးချင်းကောင်းမှ ကောင်းတယ်။ ဖွဲ့စည်းပုံ မကောင်းဘူး။ ဘန်လေက ဆန်းဒါးလန်းထက် ပိုစုစည်းမှုရှိတယ်။ ဒီလို အိမ်ကွင်းပွဲမျိုးမှ မနိုင်ရင် ဆန်းဒါးလန်း ပြန်ထောင်လာဖို့ ခက်သွားမယ့် အနေအထားလည်း ရှိနေပြန်တယ်။ နိုင်သင့်ပါတယ်။

■ ၀က်စ်ဟမ်း နှင့် လက်စတာ (စနေည ၉း၃၀ နာရီ)

လက်စတာက ချန်ပီယံလိဂ်ပွဲကစားပြီးတဲ့ အပတ်တိုင်း ရလဒ်ဆိုးတတ်တဲ့ အစဉ်အလာရှိတယ်။ ဆီဗီလာကို ကျော်နိုင်ခဲ့တဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ အားတက်နေနိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာမှာတော့ တော်တော်ပင်ပန်းနေလောက်ပြီ။ ၀က်စ်ဟမ်းက တော်တော်ညံ့နေပါတယ်။ ဒါပေမဲ့ ဒီပွဲတော့ ၀က်စ်ဟမ်း သရေနဲ့အနိုင်ပဲ။

■ ဘုန်းမောက် နှင့် ဆွမ်ဆီး (စနေည ၁၂း၀၀ နာရီ)

ဘုန်းမောက်က ခြေတော်တော်ညံ့နေရာကနေ မန်ယူကို သရေကျပြီး ၀က်စ်ဟမ်းကို အနိုင်ပြန်ကစားခဲ့တယ်။ လက်ရှိခြေစွမ်းအရ ဆွမ်ဆီးက ပိုကောင်းနေတာ မှန်ပေမယ့် ဘုန်းမောက် ခြေတက်၊ အားတက်နေတာကို မမေ့သင့်ဘူး။ အိမ်ကွင်းလည်းဖြစ်နေလို့ ဘုန်းမောက်ကိုပဲ ကြိုက်တယ်။