ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွင် ဗိုလ်စွဲရန် ရေပန်းစားနေသည့် မန်ယူ အဝေးကွင်း၌ ဆယ်လ်တာဗီဂိုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အေဂျက်စ်-လိုင်ယွန် ဆုံတွေ့

Photo: AFP

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့် မဲခွဲပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်စွဲရန် ရေပန်းစားနေသည့် မန်ယူအသင်းမှာ အဝေးကွင်းတွင် ဆယ်လ်တာဗီဂိုနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နယ်သာလန် ထိပ်သီး အေဂျက်စ်အသင်းမှာ လိုင်ယွန်နှင့် ဆုံတွေ့နေကြောင်းသိရသည်။

မန်ယူအသင်းသည် ဥရောပပြိုင်ပွဲများတွင် ဆယ်လ်တာဗီဂိုနှင့် တစ်ကြိမ်မှ ဆုံတွေ့ဖူးခြင်းမရှိဘဲ ယခုမှ ပထမဆုံးအကြိမ် ရင်ဆိုင်ရမည်ဖြစ်သည်။

အေဂျက်စ်နှင့် လိုင်ယွန်အသင်းတို့မှာ ၂၀၁၁-၁၂ ချန်ပီယံလိဂ်အုပ်စုအဆင့်၊ ၂၀၀၂-၀၃ ချန်ပီယံလိဂ်အုပ်စုအဆင့်များတွင် ဆုံတွေ့ခဲ့ဖူးပြီးအေဂျက်စ်အသင်းက (၂)ပွဲနိုင်ကာ၊ (၂)ပွဲသရေကျခဲ့ကြောင်းသိရသည်။

ယခုနှစ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲများကို လာမည့်မေလ(၄)ရက်နေ့တွင် ပထမအကျော့အဖြစ်လည်းကောင်း၊ (၁၁)ရက်နေ့၌ ဒုတိယအကျော့အဖြစ်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်များ

■ ဆယ်လ်တာဗီဂို - မန်ယူ


■ အေဂျက်စ် - လိုင်ယွန်