အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေရာအတွက် မြန်မာနှင့် မလေးရှား ယနေ့ ကစားမည်

အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေရာအတွက် မြန်မာနှင့် မလေးရှား ယနေ့ ကစားမည်
Published 21 August 2017

 

Photo - ညီညီစိုးညွန့်

(၂၉) ကြိမ်မြောက်  ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပထမနေရာအတွက် အဆုံးအဖြတ်ပွဲကို   သြဂုတ် ၂၁ ရက်(ယနေ့) မြန်မာစံတော်ချိန် ည ရး၁၅ နာရီ တွင် ရှာအလမ်ကွင်း၌ ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းနှင့် အိမ်ရှင် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် ဆီမီးဖိုင် နယ်သို့ တက်ရောက်ပြီးဖြစ်သော် လည်း ပထမနေရာအတွက် မလေး ရှားအသင်းနှင့် အဆုံးအဖြတ်ကစား ရခြင်းဖြစ်သည်။ မလေးရှားအသင်း သည် နှစ်ပွဲဆက်အနိုင်ရထားသော်လည်း ဆီမီးဖိုင်နယ် တက်ရောက် ရန် အနိမ့်ဆုံးသရေတစ်မှတ်ရယူ နိုင်ရန် လိုအပ်နေသည်။ မြန်မာ အသင်းသည် သုံးပွဲကစား၊ ကိုးမှတ် ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်  ထားပြီး ဂိုးကွာခြားချက်တွင် (+၁၀) ချက် ရရှိထားသည်။

မလေးရှား အသင်းသည် ခြောက်မှတ်ရထား သော်လည်း ဂိုးကွာခြားချက်တွင် (+၂) ဂိုးသာရှိရာ မြန်မာအသင်းနှင့် သရေကျခဲ့ပါက နောက်ဆုံးပွဲတွင် ရှစ်ဂိုးပြတ်အနိုင်ရမှသာ အုပ်စုပထမ နေရာ ရယူနိုင်မည်ဖြစ်သည်။ မြန်မာ အသင်းနှင့် မလေးရှားအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ၂၀၁၁ နောက် ပိုင်း ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်၌ တွေ့ဆုံခဲ့ရာ မြန်မာ အသင်းက ကိုယ့်ဂိုးကိုယ်သွင်းမိသည့် ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာ အသင်းနှင့် မလေးရှားအသင်းသည်  ဆီးဂိမ်းစ်ပြိုင်ပွဲမစမီ ရက်ပိုင်းအလို တွင် ယခုပွဲကျင်းပမည့် ရှာအလမ် ကွင်း၌ တွေ့ဆုံခဲ့ပြီး မြန်မာအသင်း က (ဝ-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိ ရသည်။

မြန်မာအသင်းသည် ယင်း ပွဲတွင် အရန်ကစားသမားအချို့ကို အသုံးပြုခဲ့ပြီး ခံစစ်ပိုင်းအားနည်းမှု ကြောင့် ဂိုးများပေးခဲ့ရခြင်းဖြစ်သည်။   ဆီးဂိမ်းစ်အမျိုးသားဘောလုံး ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြ ဂုတ် ၂၆ ရက်တွင် ကျင်းပမည်ဖြစ် ပြီး ရှာအလမ်နှင့် ဆီလာယန်ကွင်း၌ ကျင်းပမည်ဖြစ်သည်။ အိမ်ရှင် မလေးရှားအသင်းသည် ဆီမီးဖိုင် နယ် တက်ရောက်ခဲ့ပါက ရှာအလမ် ကွင်း၌ ကစားမည်ဖြစ်ရာ မြန်မာ အသင်းအနေဖြင့် ဆီလာယန်ကွင်း၌ သွားရောက်ကစားရဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent