မြိတ်ကျွန်းစုအတွင်း ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းများ အောင်မြင်မှု ရရှိလာပြီး ပင်လယ်ပြင်အတွင်း ဖမ်းဆီးရေးထက် မွေးမြူရေးကို ပိုမိုအားစိုက်ရန် လုပ်ငန်းရှင်များတိုက်တွန်း

မြိတ်ကျွန်းစုအတွင်း ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းများ အောင်မြင်မှု ရရှိလာပြီး ပင်လယ်ပြင်အတွင်း ဖမ်းဆီးရေးထက် မွေးမြူရေးကို ပိုမိုအားစိုက်ရန် လုပ်ငန်းရှင်များတိုက်တွန်း
Published 6 May 2022

မြိတ်ကျွန်းစုအတွင်းရှိ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်

မြိတ်ကျွန်းစုအတွင်း ရေငန်ပုစွန်မွေးမြူ ရေးလုပ်ငန်းများ အောင်မြင်မှုရရှိလာနေပြီး ပင်လယ်ပြင်အတွင်း ဖမ်းဆီးရေးထက် မွေးမြူ ရေးကို ပိုမိုအားစိုက်ရန် လုပ်ငန်းရှင်များက တိုက်တွန်းပြောကြားခဲ့သည်။

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများတွင် လုပ်ဆောင်လျက်ရှိသော ရေငန်ပုစွန်မွေးမြူ ရေးလုပ်ငန်းများမှာ လွန်ခဲ့သည့်ငါးနှစ်ခန့်မှ စတင်ခဲ့ပြီး ယခုအခါအောင်မြင်မှုများရရှိခဲ့ကြောင်း သိရသည်။ ရေငန်ပုစွန်များကို ကန် များတူးကာ မွေးမြူခြင်းဖြစ်ပြီး သားပေါက် ထည့်ပြီးချိန်မှ သုံးလမှလေးလအတွင်း အများ ဆုံး ၃၅ တန်အထိ ရရှိနေပြီဖြစ်ကြောင်း သိရ သည်။

“ပုစွန်သားပေါက်တစ်ကန်မှာဆိုရင် နွေရာသီမှာ တစ်သန်းနှစ်သိန်းကျော်ထည့်ပါ တယ်။ မိုးရာသီဆိုရင် အကောင်ရေ တစ်သန်း ထည့်ပါတယ်။ အဲဒီလိုဆိုရင် ပျမ်းမျှခြင်း ၂၅ တန်ကနေ ၃၀ ကြားလောက် ပြန်လည်ထွက်ရှိ ပါတယ်။ နွေရာသီဆိုရင် ရာသီဥတုနည်းနည်း ပိုကောင်းတဲ့အတွက် အကောင်ရေပိုထွက်ပါ တယ်။ အဲဒါဆိုရင် ပုစွန်တန် ၃၀ ကနေ ၃၅ တန်လောက် အထွက်ရှိနိုင်ပါတယ်။ ပုစွန်တန် ချိန် ၃၀ လောက် ထွက်ရှိဖို့ဆိုရင် ပုစွန်သား ပေါက် စတင်ထည့်တဲ့နေ့ကစပြီး ရက် ၉၀ ဒါ မှမဟုတ် ရက် ၁၂၀ အထိ စောင့်ပြီးမွေးမြူရပါ တယ်” ဟု ခိုင်ဇင်ယော်ရေငန်ပုစွန်မွေးမြူရေး ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစန်းမောင် က ပြောကြားသည်။

ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးရာတွင် ငါးပုစွန်အထိအမိနည်းလာခြင်းနှင့် လောင် စာဆီစျေးနှုန်း ကြီးမြင့်ခြင်းများကို ငါးဖမ်းလှေ များ ကြုံတွေ့နေရသည့်လုပ်ငန်းရှင်များနေ ဖြင့် မွေးမြူရေးကိုလည်း လုပ်ဆောင်ကြရန် လုပ်ငန်းရှင်များက ပြောကြားသည်။

“ကျွန်တော်တို့ဒေသမှာ မွေးမြူရေးလုပ် ငန်းဖြစ်တဲ့ ငါးမွေးမြူရေး၊ ဂျင်းမွေးမြူရေး၊ ပု စွန်မွေးမြူရေးလုပ်လို့ရတဲ့နေရာတွေ အများ ကြီးရှိပါတယ်။ အဲဒီနေရာတွေမှာ မွေးမြူရေး လုပ်ငန်းတွေလုပ်ရင် အောင်မြင်နိုင်မယ်။ သက် ဆိုင်ရာဌာနတွေကလည်း တွန်းအားပေးမယ် ဆိုရင် ပင်လယ်ထဲမှာ သဘာဝအတိုင်း ဖမ်း ဆီးရေးလုပ်ငန်းဖြစ်တဲ့ ငါး၊ ပုစွန်၊ ကဏန်းဖမ်း ဆီးရေးတွေကို တစ်ဖက်တစ်လမ်းကနေ လျော့ ချနိုင်သလို သူတို့ရဲ့ဝင်ငွေတွေကိုလည်း အစား ထိုးပေးသွားနိုင်တယ်” ဟု ဦးစန်းမောင်က ဆက်လက်ပြောကြားသည်။

မြိတ်ကျွန်းစုအတွင်း ရေငန်ပုစွန်မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်နိုင်သည့် နေရာများစွာ ရှိနေသေးပြီး ဌာနဆိုင်ရာများကလည်း အား ပေးမှုလုပ်ဆောင်မည်ဆိုပါက ပိုမိုတွင်ကျယ် လာမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြိတ်ကျွန်းစုအတွင်းရှိ ကတန်ကျွန်း၊ မစမ်းပါး ကျွန်း၊ ကျားကြီးအော်ကျွန်း၊ ပုလောဘက်ရှိ ကျွန်းတချို့နှင့် ကော့သောင်းရှိ သူဌေးကျွန်း များတွင် ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ ထိုင်းနိုင်ငံ စျေးကွက်သို့ တင်ပို့ပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်မိုးဦး (မြိတ်)

Most Read

Most Recent